တရုတ်အာဏာပိုင် ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များ သွင်းကုန်ပိတ်ထားဆဲ

တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဟု စုံစမ်းသိရသည်။

မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့် မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ကျင်းစန်းကျော့ဂိတ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ပန်ဆိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်တို့တွင် ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများ တင်ပို့နိုင်ရန်သာ တရုတ်ဘက်မှ ဖွင့်လှစ်ပေးခဲ့သည်။

“ပန်ဆိုင်း ကျင်စန်းကျော့က ကြံနဲ့ ပြောင်းတင်ဖို့ ဖွင့်ပေးနေပြီ။ ဒီဘက်ကို ဘာမှတော့ သယ်ထုတ်လို့ မရဘူး။ ပြောင်းကား တစ်ရက်ကို အစီး (၅၀) ကျော်ဝင်တယ်၊ ကြံကား များတော့ သေချာမသိရဘူး။ ပြောင်းဖူးကတော့ ပါမစ်သက်တမ်း အဟောင်းကျန်တဲ့လူ ဝင်လို့ရတယ်၊ ပါမစ်ကုန်တဲ့လူတွေ အသစ်တွေ ဝင်လို့မရဘူး”ဟု ပန်ဆိုင်းဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် ကြံကားများ

ယခုနှစ်တွင် တရုတ်ကုမ္ပဏီများဘက်မှ ကြံတစ်တန်ကို (၃၇၀) ယွမ် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၂ သိန်းကျော်) ဖြင့် ဝယ်ယူနေပြီး ပြောင်းတစ်တန်ကို (၁၅၆၀) ယွမ် (မြန်မာကျပ်ငွေ ၉ သိန်းကျော်) ပေးကာ ပါမစ်ဖြင့် ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် မူဆယ်မြို့နယ် ကျင်းစန်းကျော့ဂိတ်သို့ သွားရောက်တင်ပို့သည့် ပြောင်းကားတစ်စီးလျှင် ဖြတ်သန်းခနှင့် အထွေထွေစရိတ်များအတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့ထံ တရုတ်ယွမ်ငွေ ၂၅၀၀ (မြန်မာကျပ်ငွေ ၁၅ သိန်းခန့်) ပေးဆောင်ရကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။

“ကျင်းစန်းကျော့မှာ ပြောင်းကားတစ်စီးကို မဟာမိတ်(၃)ဖွဲ့ဆီ ယွမ်ငွေ (၂၅၀၀) အခွန်ပေးရတယ်။ ပြောင်းပါမစ်က တရုတ်ဘက် တန်ချိန် ၁ သိန်း အဲ့လိုယူတဲ့ တားဂတ်ရှိတယ်။ အဲ့တာပြည့်သွားရင် ဂိတ်ပိတ်လိုက်ပြီ၊ ကျင်းစန်းကျော့ဂိတ် ပိတ်ပြီး မုံးကိုးဂိတ်မှာ ပြန်ဝင်မှာ အဲ့လို။ မုံးကိုးဘက် ပြည့်ရင် ကျင်းစန်းကျော့မှာ ပြန်သွင်းမယ် အလှည့်ကျ”ဟု ၎င်းကုန်သည် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်များက ညီနောင်မဟာမိတ်တပ်များနှင့် ဆွေးနွေးပြီး တရုတ်ဘက်သို့ ပြောင်းနှင့် ကြံကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန် နယ်စပ်ဂိတ်များ တဘက်သက် ပြန်ဖွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောကြားသည်။

အခြားတစ်ဘက်တွင် တရုတ်နိုင်ငံသည် စစ်ကောင်စီဘက်မှ ပေါ်ပေါ်ထင်ထင် ရပ်တည်ပြပြီးနောက် ညီနောင်မဟာမိတ်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များတွင် မည်သည့်ကုန်ပစ္စည်းမျှ တင်သွင်းခွင့် မပြုဘဲ ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ပြောရင်တော့ တရားမျှတမှု မရှိဘူးပေါ့၊ နယ်စပ်က လူတွေကို ဖိနှိပ်ထားတာ။ အခု ကုန်အဝင် ဘာမှ မရှိဘူး၊ ကြာကြာပိတ်ထားရင်တော့ ဘာမှ စားစရာ မရှိတော့ဘူး။ ကျယ်ခေါင်က‌ ပေးသယ်တာလည်း ဆိုင်ကယ်နဲ့ နည်းနည်းချင်းစီပဲ ရတယ်၊ ကားနဲ့ အစီးလိုက် သယ်လို့ မရဘူး။ ရေရှည်ပိတ်ထားရင်တော့ စားဝတ်နေရေး ခက်ခဲပြီး ပြည်သူပဲ ဒုက္ခရောက်တယ်”ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များက ဆက်လက်ပိတ်ထားပြီး တရုတ်အစိုးရနှင့် စစ်ကောင်စီ ညှိနှိုင်း၍ တည်ငြိမ်မှု ရှိမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် အာဏာပိုင်များက စစ်ကောင်စီ လဝက ဝန်ကြီး ဦးဝင်းကြိုင်ကို ကတိပေးကြောင်း နိုဝင်ဘာလ (၂၁) ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆက်လက် ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုဝင်ဘာလ (၆) ရက်တွင် ပြောဆိုခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...