သျှမ်းမြောက် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန်လိုအပ်

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့က ပြုလုပ်သည့် ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီ တို့၏ ဆွေးနွေးပွဲ ရလဒ် တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီးနောက် သျှမ်းမြောက်ဒေသနေ ပြည်သူများ အနေဖြင့် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန် လိုအပ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် သတိပေး ပြောဆိုသည်။

တရုတ် အထူးကိုယ်စားလှယ်၏ ကြားဝင်မှုဖြင့် ကျင်းပသည့် ကူမင်း ဆွေးနွေးပွဲကို ကိုကန့်တပ် ဘက်မှ ဦးဖုန်တာရွှင် ၏ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်း ဦးဆောင် တက်ရောက်ပြီး စစ်ကောင်စီဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင် တက်ရောက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“အဓီက စစ်တပ်ဘက်က လားရှိုးမြို့နဲ့ စစ်သုံ့ပန်းတွေ ပြန်တောင်းတယ်။ MNDAA ဘက်က ပြောတာက ကိုးကန့်အထူးဒေသ ဘယ်လို အသိအမှတ်ပြုမလဲ။ လုံခြုံရေး ဘယ်လို အာမခံမလဲပေါ့။ စစ်တပ်ဘက်က ပြန်ပြောတာက ကိုးကန့်အထူးဒေသကို သူတို့ပေးလို့မရဘူး။ ရွေးကောက်ပွဲက ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရက အသိအမှတ်ပြုမှရမယ်ပေါ့။ အဲဒါနဲ့ပဲ ပွဲပျက်တာ။ တရုတ်ဘက်ကတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ဖို့ပဲ နှစ်ဘက်လုံးကို ဖိအားပေးတယ်။ ရှေ့လထဲ ထပ်ဆွေးနွေးဖို့တော့ရှိသေးတယ်” ဟု ၎င်းကရှင်းပြသည်။

ယင်းသို့ နိုင်ငံရေး ဆွေးနွေးမှုမှ တဆင့် လားရှိုးမြို့ကို ပြန်မရနိုင်သဖြင့် စစ်ကောင်စီ အနေဖြင့် လေကြောင်း တိုက်ခိုက်မှု အပါအဝင် မြေပြင်ထိုးစစ်ဆင်ခြင်းဖြင့် စစ်ရေးအရ ဖိအားပေးလာနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

လားရှိုး စစ်ကောင်စီ ဗုံးကြဲ

“အခု တန့်ယန်းဘက်မှာ စစ်တပ်ဘက်က အင်အားဖြည့်နေတယ်။ မြေပြင်ထိုးစစ် အသင့်ပြင်ဖို့ အမိန့်ပေးထားတယ် ဆိုတာမျိုးလည်း ကြားနေတယ်။ အခြေအနေက အချိန်မရွေး တခုခုဖြစ်လာနိုင်တယ် ဆိုတော့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ လိုအပ်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က သတိပေးသည်။

လက်ရှိ သျှမ်းမြောက်တခွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲမှုများ ရပ်တန့်နေသော်လည်း နောင်ချိုမြို့နယ် တောင်ခမ်းဒေသနှင့် တကွ ဆက်စပ်နေသည့် သျှမ်းတောင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် နေ့စဥ် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လားရှိုး စက်တင်ဘာ ၂၄ရက် နံနက် စစ်ကောင်စီလေကြောင်းဗုံးကြဲ

လက်ရှိ သျှမ်းမြောက် မြို့များ သိမ်းပိုက်ထားသည့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း စစ်ကောင်စီနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ (၂၅) ရက်နေ့က ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်-MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသည့် ချင်းရွှေဟော်၊ လောက်ကိုင် အပါအဝင် တရုတ်နယ်စပ်ရှိ မြို့များနှင့် လားရှိုးမြို့ကို သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...