Saturday, January 31, 2026

စစ်ရှောင်

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ

သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...

လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ...

မူဆယ်မြို့မှ လူငယ်အမျိုးသား တစ်ဦး ပစ်ခတ်ပြီး ပြန်ပေးဆွဲခံရ

သျှမ်းပြည်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ ကျော် လူငယ် အမျိုးသားတစ်ဦးကို အမည်မသိ လူတစ်စုမှ ပစ်ခတ်ပြီး ပြန်ပေးဆွဲ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( နိုဝင်ဘာလ ၂၈) ရက် ည ၆ နာရီဲခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှ...

အင်းလေးဒေသ စစ်ဘေးရှောင်များ ဆောင်ရာသီအတွက် အသုံးအဆောင်လိုအပ်

ကရင်နီ(ကယား)ပြည် မှ အင်လေးဒေသသို့ လာရောက် ခိုလှုံ စစ်ဘေးရှောင်နေသူများအတွက် ဆောင်ရာသီ အတွက် အသုံးအဆောင် ပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ နမ်းပန်၊ ရွှေခေါင်း၊ ရေသာ ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်ရှောင်သူဦးရေ ရာဂဏန်းရှိပြီး ထို ကျေးရွာများတွင် စစ်ရှောင်သူဦးရေ ၈၀၀...

လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀...

သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး ကြေညာ

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)...

စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ဗုံးစထိမှန် သေဆုံးရ

သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး...

ပန်ဆိုင်းမြို့ တိုက်ပွဲကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်  ၃၀ ကျော်ပျက်စီး

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံးပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသအတွင်းစာရင်း ပြုစုထားချက်အရ သတင်းရရှိသည်။  ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ ပန်ဆိုင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား...

ကျောက်မဲ လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီး‌လောင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC...

Latest news