စစ်ရှောင်
“ဝ”ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်
SHAN -
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဝင်ရောက် စစ်ဘေးရှောင်လာကြသည့် ပြည်သူများအားလုံး နီးစပ်ရာရဲစခန်းတွေမှာ ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ကြဖို့ UWSA က ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ ဒီဇင်ဘာလ ၃ရက် ရက်စွဲဖြင့် " ဝ " ပြည်တရားရေးရာလုပ်ငန်းကော်မတီ မှ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးအတွက် ဟု ဆိုကာ "ဝ"ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများအားလုံး...
လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား
သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင်...
ပန်ဆိုင်းမြို့နယ်အတွင်း လူမနေ၊ စာရင်းမပေးသည့် အိမ်များကို ချိတ်ပိတ် သိမ်းမည်ဟု MNDAA ပြော
သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူများ နေရပ်မှ စွန့်ခွာခဲ့ရာ လက်ရှိ လူမနေတော့သည့် နေအိမ်များကို ချိတ်ပိတ်သိမ်းသွားမည်ဟု MNDAA က ကြေညာလိုက်ကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ပန်ဆိုင်းမြို့အတွင်း MNDAAထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို...
ဆီဆိုင် စစ်ရှောင် ၁ သောင်းကျော်တိုးလာ၊ အများစု အမျိုးသမီးနှင့် ကလေးတွေဖြစ်
SHAN -
ကရင်နီပြည်အတွင်း “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁ သောင်းကျော်တိုးလာပြီး ထိုထဲတွင် အမျိုးသမီးနှင့် ကလေးများ ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း ယခင် စစ်ရှောင်ဦးရေနှင့် ယခု "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် အသစ်ရောက်လာသည့် စစ်ရှောင်...
မူဆယ်မြို့နယ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူအသက်အန္တရာယ်စိုးရိမ်နေရ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျေးရွာအချို့တွင် ညီနောင်မဟာမိတ်တို့ ဒရုန်းများ၊ စစ်ကောက်စီတို့၏ လက်နက်ကြီး များနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ပြည်သူများ အသက်အန္တရာယ် စိုးရိမ်နေရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " အခု က...
သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ စစ်ဘေးရှောင်များကို နှစ်ဖက်တပ်ဖွဲ့များက လူသားဒိုင်းကာလုပ်နေ
သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်...
စစ်ကောင်စီ ရှိသည့် မူဆယ်မြို့ လွိုင်တိန်ခမ်းတောင်ပေါ်ဘုရားပေါ် ဒရုန်း တိုက်ခိုက်ခံရ
စစ်ကောင်စီ တပ်ရောက်ရှိနေသည့် သျှမ်းပြည် မူဆယ်မြို့ လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားပေါ် သို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း စုံစမ်းိသရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၃) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သာသနာ့နယ်မြေဖြစ်သည် လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားသို့ စစ်ကောင်စီ စစ်ကြောင်း တက်သွားပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့က...
လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...
သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း...
စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး
သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...





