မြန်မာ ၃ ဦးပါ နိုင်ငံခြားသားများကို နေထိုင်ခွင့်ကတ်ပြားအတုထုတ်ပေးခဲ့သည့် ခရိုင်အရာရှိဟောင်း ချင်းရိုင်တွင်ဖမ်းခံရ

ထိုင်းနိုင်ငံသားဖြစ်ခွင့် မရှိသေးသည့် ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ “G-Code” မှတ်ပုံတင်ဒေတာဘေ့စ်ကို အလွဲသုံးစားပြုကာ၊ တရားမဝင် နိုင်ငံခြားသား ၃၀၀ ကျော်အား နေထိုင်ခွင့်ကတ်ပြားများ မမှန်မကန် ထုတ်ပေးနေသည့် ချင်းရိုင်၊ ဝိန်းကန် (Wiang Kaen) ခရိုင် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အခြား တာဝန်ထမ်းဆောင်ဆဲအရာရှိ ၂ ဦးအား ဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်) က ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အုပ်ချုပ်ရေးဦးစီးဌာန (DOPA) ညွှန်ကြားရေးမှူးချုပ် ၊ ထိုင်းနိုင်ငံ ဒုတိယရဲချုပ် ရဲချုပ်ကြီး နှင့် ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး တို့အပါအဝင် ပူးပေါင်းအဖွဲ့အစည်းများက ဘတ် သန်းပေါင်းများစွာတန် အကျင့်ပျက်ခြစားမှု ကွန်ရက်ကို “Grey G-Code နှိမ်နင်းရေးစစ်ဆင်ရေး” (Grey G-Code Crackdown) ဖြင့် ဖြိုခွင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

DOPA ညွှန်ကြားရေးမှူးချုပ်၏ ရှင်းလင်းပြောကြားချက်အရ “G-Code” စနစ်သည် ထိုင်းနိုင်ငံသားဖြစ်ခွင့် မရရှိသေးသည့် ကလေးသူငယ်ကျောင်းသားများ ပညာသင်ကြားခွင့်နှင့် အခြေခံအခွင့်အရေးများ ရရှိစေရန် ထိုင်းအစိုးရက လူသားချင်းစာနာမှုဖြင့် ဖန်တီးပေးထားသည့် အကာအကွယ်စနစ် ဖြစ်သည်။

သို့သော်လည်း အကျင့်ပျက် ခြစားသည့် အစိုးရဝန်ထမ်းများနှင့် ရာဇဝတ်ဂိုဏ်းသည် ၎င်းမူဝါဒကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့ကြသည်။

ယခုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းမှ ခိုးဝင်လာသော အထောက်အထားမဲ့ နိုင်ငံခြားသားတစ်ဦးကို ဘတ် ၁၄၀,၀၀၀ နှင့်အတူ ဖမ်းဆီးမိရာမှ စတင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်။

ထိုနောက် G-Code စနစ်အတွင်း၌ လူတစ်ဦးတည်းကို G-Code နံပါတ် ၁၁ ခုအထိ သတ်မှတ်ထားခြင်းနှင့် အသက်ကြီးပိုင်း နိုင်ငံခြားသားများ၏ အချက်အလက်များကို ကလေးဘဝ ကျောင်းသားမှတ်တမ်းဟောင်းများထဲ ထည့်သွင်းကာ စာရွက်စာတမ်းအတု (Form 89) များဖြင့် နေထိုင်ခွင့်ကတ်ပြားများ မမှန်မကန် ထုတ်ပေးနေခြင်းစသည့် သိသာသော ကွဲလွဲချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။

DOPA ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုယူနစ် (DOPA N.I.C.E.) နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းကာ သံသယရှိသူ ၃၈ ဦး၏ ဇီဝအချက်အလက် (Biometric Data) များကို စစ်ဆေးခဲ့ရာတွင် အနည်းဆုံး ၆ ဦးသည် နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်ထားသူများ ဖြစ်နေကြောင်း တွေ့ရှိရသည်။

ထိုအထဲတွင် မြန်မာနိုင်ငံသား ၃ ဦး အပါအဝင်၊ တရုတ်နိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦး တို့အား နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်လျက် ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကတ်ပြားများရယူထားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထိုသို့ တရားမဝင် ကတ်ပြားထုတ်ပေးမှုတွင် ဝိန်းကန် (Wiang Kaen) ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဟောင်းမှ အခြေခံကျောင်းသား ၁၉ ဦး၏ အထောက်အထားများကို တရားမဝင် ပြောင်းလဲရန် အခြားအစိုးရ အရာရှိ ၂ ဦးနှင့် ပူးပေါင်းကာ တိုက်ရိုက်ခွင့်ပြုချက် ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

၎င်းတို့ ၃ ဦးအား အရပ်ဘက်မှတ်ပုံတင်ခြင်းအက်ဥပဒေ၊ ကွန်ပျူတာမှုခင်းအက်ဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မ ၁၅၇ (အများပြည်သူဆိုင်ရာအချက်အလက်များကိုအသုံးပြုပြီး အဂတိလိုက်စားမှု) တို့ဖြင့် ပြင်းပြင်းထန်ထန် စွဲချက်တင်ထားသည်။

လက်ရှိတွင် ဝိန်းကန်ရဲစခန်းသည် အဓိကပစ်မှတ် ၂၂ ခုအတွက် တရားရုံးဖမ်းဝရမ်း ၂၇ စောင် ရယူကာ ခရိုင်တစ်ခုလုံး တစ်ပြိုင်နက် စစ်ဆေးခဲ့ရာ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း၊ အစိုးရ အရာရှိ ၂ ဦးနှင့် တရားမဝင် အထောက်အထား ရယူထားသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

အခြားသိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများမှာ နိုင်ငံသားဖြစ်ခွင့် တောင်းခံလွှာပုံစံများနှင့် အရပ်ဘက်မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်းအတုများ၊ မှတ်ပုံတင်ဒေတာဘေ့စ်များ ပါရှိသည့် ကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့် External Hard Drives များ၊ တရားမဝင် ထုတ်ပေးထားပြီးဖြစ်သည့် သက်သေခံကတ်ပြားများ၊ ဝိန်းကန်ခရိုင် ပညာရေးမြှင့်တင်မှုစင်တာမှ ၂၀၁၉ မှ ၂၀၂၅ ပညာသင်နှစ်အတွင်း ပြုလုပ်ခဲ့သည့် G-Code ခြေရာခံဖိုင်ပေါင်း ၄၉၁ ခု ကို သိမ်းဆည်းရမိခဲ့သည်။

ချင်းရိုင် အုပ်ချုပ်ရေးအာဏာပိုင်များသည် မမှန်မကန်နည်းလမ်းဖြင့် ရယူထားသော မှတ်ပုံတင်ဖိုင်များနှင့် သက်သေခံကတ်ပြားများ အားလုံးကို အမျိုးသား ဒေတာဘေ့စ်အတွင်းမှ ချက်ချင်းပယ်ဖျက်ပြီး ရုပ်သိမ်းရန် လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ပတ်သက်ဆက်နွှယ်မှုရှိသမျှ အစိုးရဝန်ထမ်းအားလုံးကို ပြင်းထန်သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်မည့်အပြင်၊ အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှုသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအောက်တွင် အကျုံးဝင်သဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ခြေရာခံကာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းနိုင်ရန် အမှုတွဲဖိုင်အားလုံးကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...

ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်

0
မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ် (Peace Walk) ကို...

ချင်းရိုင်ရှိ အိမ်တစ်လုံးအတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းမိ ပြည်နှင်ဒဏ်ပေးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ပါအိုဒွန်းချိုင် (Pa O Don Chai) နယ်မြေရှိ နေအိမ်တစ်လုံးအား ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News တွင်ဖော်ပြသည်။ မေလ ၁၁...

မူးယစ်ဆေးပြား၅ သန်းခန့် ချင်းရိုင်တွင် ဖမ်းမိ၊ သယ်ဆောင်သူများ ထွက်ပြေးနေ

0
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံ (Mae Fha Laung) မြို့နယ် အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများအား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ် ၂၄ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုသည် ချင်းရိုင်ခရိုင်၊ မယ်ဖာ့လောင်...