ချင်းရိုင်ရှိ အိမ်တစ်လုံးအတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းမိ ပြည်နှင်ဒဏ်ပေးခံရ

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ပါအိုဒွန်းချိုင် (Pa O Don Chai) နယ်မြေရှိ နေအိမ်တစ်လုံးအား ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News တွင်ဖော်ပြသည်။

မေလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ရဲမှူး ဝီချိုင် (Pol. Maj. Wichai Panna) ဦးဆောင်သော အဖွဲ့သည် အဆိုပါနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ စုစုပေါင်း မြန်မာနိုင်ငံသား ၃၆ ဦး (အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၉ ဦး) အား တွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်းဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၇ ရက်က ချင်းရိုင်၊ Phitsanulok လူဝင်မှုကြီးကြပ်ရေးဌာနမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၄၉ ဦးအား သယ်ဆောင်လာသည့် လူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိခဲ့သည်။

ထိုမှတဆင့် ကွန်ရက်ချဲ့ထွင် စုံစမ်းစစ်ဆေးရာမှ ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်သည်။ လူမှောင်ခိုဂိုဏ်းများသည် ချင်းရိုင်ရှိ အဆိုပါနေအိမ်အား ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မပို့ဆောင်မီ လူစုဆောင်းရာ “စောင့်ဆိုင်းရာနေရာ” (Waiting Point) အဖြစ် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

အများစုမှာ တောတွင်း နယ်စပ်ဖြတ်လမ်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ပြီး၊ အချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) ရှိသော်လည်း သတ်မှတ်နယ်မြေပြင်ပသို့ ကျော်လွန်သွားလာသဖြင့် ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

တာဝန်ရှိသူများသည် ဖမ်းဆီးရမိသူများအား မယ်ဆိုင်ရှိ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်၍ ကိုယ်ရေးမှတ်တမ်းများ ပြုစုခဲ့သည်။

ထို့နောက် ၎င်းတို့အားလုံးကို စောင့်ကြည့်စာရင်း (Watch List) နှင့် နာမည်ပျက်စာရင်းသွင်း (Blacklist) သွင်းခဲ့ပြီးနောက်၊ မယ်ဆိုင်ရှိ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးပြား၅ သန်းခန့် ချင်းရိုင်တွင် ဖမ်းမိ၊ သယ်ဆောင်သူများ ထွက်ပြေးနေ

0
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံ (Mae Fha Laung) မြို့နယ် အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများအား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ် ၂၄ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုသည် ချင်းရိုင်ခရိုင်၊ မယ်ဖာ့လောင်...

ချင်းမိုင်တွင် လူငယ်အကြည့်ချင်းဆုံရာမှ ဓားထိုးမှုဖြစ်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူငယ်ဂိုဏ်းတစ်ခုမှ ထိုင်းလူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း Chiang Mai News ကဖော်ပြသည်။ ယနေ့ (မတ်လ ၄ ရက်) နံနက် ၄ နာရီဝန်းကျင်တွင် ချင်းမိုင်မြို့ရှိ ဖက်တူ ချင်းမိုင် (ด้านหลังตลาดประตูเชียงใหม่) အနောက်ဘက်စျေးတွင် အသက် ၁၈...