မူးယစ်ဆေးပြား၅ သန်းခန့် ချင်းရိုင်တွင် ဖမ်းမိ၊ သယ်ဆောင်သူများ ထွက်ပြေးနေ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံ (Mae Fha Laung) မြို့နယ် အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများအား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွဆေးပြား ၅ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ် ၂၄ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုသည် ချင်းရိုင်ခရိုင်၊ မယ်ဖာ့လောင် ဒေသကို ဖြတ်သန်းပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည်ဖြစ်ကြောင်း ဖားမောင်းစစ်ကြောင်း (Pha Muang Task Force) ဟု အမည်ပေးထားသည့် အထူးစစ်ဆင်ရေးအဖွဲ့က ကြိုတင်သတင်းရရှိခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ ဖာဘျူး (Pha Bue) တိုက်နယ်သို့ သွားရောက် စောင့်ဆိုင်းခဲ့ကြသည်။

တာဝန်ရှိသူများမ စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်စစ်ဆေးခဲ့ပြီး မတ် ၂၄ရက် ည ၁၀ နာရီခွဲခန့်တွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိရာ စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည့်အပြင် အရာရှိများကို သေနတ်ဖြင့်ပြန်လည် ပစ်ခတ်ခဲ့သည်။

ထိုနောက် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် စစ်ဆေးရေးဂိတ်မှ ၁ ကီလိုမီတာအကွာတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျရပ်တန့်သွားခဲ့သည်။

တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာကို ဝိုင်းဝန်းပိတ်ဆို့ပြီးရှာဖွေပြီး ချင်းရိုင်လိုင်စင်နံပါတ်တပ်ထားသော ၎င်းပစ်ကပ်ကားမှ ပြုပြင်မွမ်းမံထားသော ဆာလာအိတ် ၂၅ အိတ်ကို တွေ့ရှိခဲ့သည်။ အိတ်တစ်အိတ်စီတွင် စိတ်ကြွဆေးပြား ၂ သိန်းခန့် ပါရှိပြီး စုစုပေါင်း စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိခဲ့သည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားကြောင်း ချင်းရိုင်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆတ် ဂျစ်ပရီချိ (Prasert Jitpreecheep) က မတ် ၂၅ရက်တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မကြာမီကျရောက်တော့မည့် သင်္ကြန်ပွဲတော်ကာလအတွင်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ပြည်နယ်အာဏာပိုင်များက သက်ဆိုင်ရာဌာနအားလုံးကို ညွှန်ကြားထားကြောင်းလည်း မစ္စတာ ပရာဆတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၇ ရက်တွင်လည်း ချင်းမိုင်ခရိုင် မယ်တဲင်‌ဒေသ (Mae Taeng) အတွင်း ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မှောင်ခိုတင်သွင်းမည့် မူးယစ်ဆေးဝါး ကူးသန်းမှုတစ်ခုကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိတ်ကြွဆေးပြား ၅ သိန်းနီးပါး ဖမ်းဆီးရမိခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...