ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မယ်ချန်နယ်မြေ၊ Chom Sawan တိုက်နယ်ရှိ လမ်းမတစ်ခုပေါ်၌ ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားစဉ် သံသယဖြစ်ဖွယ် ဆိုင်ကယ်တစ်စီးဖြင့် တွေ့ရသည်။

ဆိုင်ကယ်မောင်းနှင်သူသည် ရဲတပ်ဖွဲ့ကို မြင်သည့်အခါ လမ်းဘေးခြုံပုတ်ထဲသို့ အိတ်တစ်အိတ် လွှင့်ပစ်ကာ လှည့်ပြန်မောင်းနှင်ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ရဲအရာရှိများက နောက်မှ လိုက်လံဖမ်းဆီးခဲ့သည်။

ထိုလွှင့်ပစ်ခဲ့သည့် အိတ်အတွင်းမှ ယာဘဆေးပြား ၂၀၀,၀၀၀ ခန့် ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူလူငယ်နှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် ၁၆ နှစ်အရွယ်သာရှိသေးကြောင်းသိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းရာတွင် မယ်ဆိုင်မှ “စရွိုင်း” (Sroi) ဟုခေါ်သည့် အမျိုးသမီးတစ်ဦးက မယ်ဆိုင်ရှိ ဘန်ချောင်မှ မူးယစ်ဆေးဝါးများကို ဘန်ဒူးတိုက်နယ်ရှိ Huay Pla Kang Temple ဘုရားကျောင်းရှေ့သို့ သယ်ဆောင်ပေးရန် တစ်ခေါက်လျှင် ထိုင်းဘတ် ၁၂,၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

၎င်းတို့သည် ရဲဂိတ်များကို ရှောင်ကွင်းရန် ကျေးလက်လမ်းဘေးလမ်းများကို အသုံးပြုမောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး၊ ယခုမတိုင်မီကလည်း တစ်ကြိမ် အောင်မြင်စွာ သယ်ဆောင်ပေးခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည်။

မယ်ချန်ရဲတပ်ဖွဲ့သည် ချင်းရိုင်ခရိုင်ဥပဒေစိုးမိုးရေးအဖွဲ့၊ ဘန်ဒူးရဲတပ်ဖွဲ့တို့နှင့် ချက်ချင်းပူးပေါင်းကာ နံနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါး လွှဲပြောင်းရယူမည့် ဘုရားကျောင်းအနီး၌ စောင့်ဆိုင်းခဲ့သည်။ ပစ္စည်းလာရောက်ယူဆောင်သည့် ဆိုင်ကယ်နှစ်စီးအနက် တစ်စီးကို ပိတ်ဆို့ကာ အသက် ၁၇ နှစ်အရွယ် နှင့် အသက် ၂၃ နှစ်အရွယ် လူငယ် ၂ ဦး တို့ကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။

သံသယရှိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မူးယစ်ဆေးဝါးများကို မယ်ယောင်း (Mae Yao) တိုက်နယ်၊ Ban Thung Luang ရှိ “အာချာ” (Ah-Cha) (သို့မဟုတ်) “နိုင်စွန်” (Nai Song) ဆိုသူ၏ တိုက်ခန်းတွင် သိုလှောင်ရန် လာရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါ တိုက်ခန်းကို ချက်ချင်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ အခန်းအတွင်း ဝှက်ထားသည့် ယာဘဆေးပြား ၃၇၀,၀၀၀၊ အဖြူရောင်ပုံဆောင်ခဲ ကီတမင်း ၁၀ ကီလိုဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ ၄ ဦးစလုံးကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဖြူးရောင်းချရန်အတွက် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ အမျိုးသားလုံခြုံရေးနှင့် အများပြည်သူကို ဘေးအန္တရာယ်ဖြစ်စေသည့် ကုန်သွယ်မှုမြောက်ခြင်းတို့ဖြင့် စွဲချက်တင်ထားပြီး၊ လွတ်မြောက်နေဆဲဖြစ်သော ဂိုဏ်းခေါင်းဆောင်များနှင့် ကွန်ရက်တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် အထူးလုပ်ငန်းအဖွဲ့ဖြင့် ဆက်လက် ခြေရာခံလျက် ရှိကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...