နမ့်ဖတ်ကာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျ၊ ၂ ဦးသေဆုံး ၅ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

နမ့်ဖတ်ကာ

(ဒီဇင်ဘာလ ၆ ရက်) ညနေပိုင်းအချိန်မှစပြီး နမ့်ဖတ်ကာ ရပ်ကွက် ၃၊ ရပ်ကွက် ၄ နှင့် ရပ်ကွက် ၆ အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် (၈၀) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးအပါအဝင် အသက် (၃၀) ကျော် အမျိုးသား နှင့် အမျိုးသမီး (၂) ဦးတို့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) တွင်လည်း နမ့်ဖတ်ကာ ဇီးတဘန်ကျေးရွာအတွင်း လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ် အမျိုးသားတစ်ဦး သေဆုံးကာ အသက် ၁၆ နှစ် ကလေးတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ပြောသည်။

နမ့်ဖတ်ကာ လူမှုကူညီရေးအသင်း

“ အခုလက်နက်ကြီးတွေ ကျတာကလည်း ကြာလာရင် ကျနော်တို့ပါ အိမ်ထဲမှာဝင်ပုန်းနေ ရတော့မယ်။ ဘယ်ကလာတဲ့ လက်နက်ကြီးတွေမှန်း မသိတော့ဘူး။ နှစ်ဖက်ကတော့ ပစ်နေကြတာပဲ။ အခြေအနေကြည့်ပြီးမှ သွားကောက်နေရတာ “ ဟု ဒေသအတွင်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို အရေးပေါ် သွားရောက် ကယ်ဆယ်ရန် နှင့် ဆေးကုသခံယူရန် အတွက် စိန်ခေါ်မှု ရှိနေကြောင်း ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင် နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မည့်သည့် အဖွဲ့အစည်းမှ လက်နက်ကြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမသိရှိရဘဲ လူထုနေထိုင်ရာ ကျေးရွာ၊ အိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲနေသည်ဟု ဒေသခံများက ပြောကြသည်။


ထို့အပြင် ထိခိုက်ဒဏ်ရာရသူများကို “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲ ဖော်ဆောင်လာသည့် နောက်ပိုင်း အရေးပေါ် သွားရောက်ကူညီရန်၊ ဆေးရုံသို့ ပို့ဆောင်ရန်နှင့် ဖြတ်သန်းသွားလာရန် စသည့်ဖြင့် အခက်ခဲရှိနေကြောင်း လူမှုကူညီရေး အသင်းမှ တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။

“ ဒီမှာကျေးရွာဆိုတော့ တိုက်နယ်ဆေးရုံလည်းမရှိ။ လောလောဆယ် ဆရာမတွေကလည်း ဆေးရုံကထိန်းထားသလိုမျိုး ပုံစံမျိုးဖြစ်နေတော့ လူနာကို ကွတ်ခိုင်၊ မူဆယ် ပို့ပေးရတယ်။ အခုက မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲဖြစ်တော့ လမ်းတွေ ပိတ်ထားတယ်။ ကွတ်ခိုင်လည်း အခုက လမ်းပြန်ပိတ် သွားပြီ ပို့ဖို့တောင်ခက်နေတယ် “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုထားသည့် စာရင်းအရ “ ၁၀၂၇ စစ်ဆင်ရေး “ တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...