Wednesday, January 28, 2026

နမ့်ဖတ်ကာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီးကျ၊ ၂ ဦးသေဆုံး ၅ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း နှစ်ရက်ဆက်တိုက် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

နမ့်ဖတ်ကာ

(ဒီဇင်ဘာလ ၆ ရက်) ညနေပိုင်းအချိန်မှစပြီး နမ့်ဖတ်ကာ ရပ်ကွက် ၃၊ ရပ်ကွက် ၄ နှင့် ရပ်ကွက် ၆ အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် (၈၀) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးအပါအဝင် အသက် (၃၀) ကျော် အမျိုးသား နှင့် အမျိုးသမီး (၂) ဦးတို့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) တွင်လည်း နမ့်ဖတ်ကာ ဇီးတဘန်ကျေးရွာအတွင်း လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ် အမျိုးသားတစ်ဦး သေဆုံးကာ အသက် ၁၆ နှစ် ကလေးတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ပြောသည်။

နမ့်ဖတ်ကာ လူမှုကူညီရေးအသင်း

“ အခုလက်နက်ကြီးတွေ ကျတာကလည်း ကြာလာရင် ကျနော်တို့ပါ အိမ်ထဲမှာဝင်ပုန်းနေ ရတော့မယ်။ ဘယ်ကလာတဲ့ လက်နက်ကြီးတွေမှန်း မသိတော့ဘူး။ နှစ်ဖက်ကတော့ ပစ်နေကြတာပဲ။ အခြေအနေကြည့်ပြီးမှ သွားကောက်နေရတာ “ ဟု ဒေသအတွင်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို အရေးပေါ် သွားရောက် ကယ်ဆယ်ရန် နှင့် ဆေးကုသခံယူရန် အတွက် စိန်ခေါ်မှု ရှိနေကြောင်း ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင် နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မည့်သည့် အဖွဲ့အစည်းမှ လက်နက်ကြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမသိရှိရဘဲ လူထုနေထိုင်ရာ ကျေးရွာ၊ အိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲနေသည်ဟု ဒေသခံများက ပြောကြသည်။


ထို့အပြင် ထိခိုက်ဒဏ်ရာရသူများကို “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲ ဖော်ဆောင်လာသည့် နောက်ပိုင်း အရေးပေါ် သွားရောက်ကူညီရန်၊ ဆေးရုံသို့ ပို့ဆောင်ရန်နှင့် ဖြတ်သန်းသွားလာရန် စသည့်ဖြင့် အခက်ခဲရှိနေကြောင်း လူမှုကူညီရေး အသင်းမှ တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။

“ ဒီမှာကျေးရွာဆိုတော့ တိုက်နယ်ဆေးရုံလည်းမရှိ။ လောလောဆယ် ဆရာမတွေကလည်း ဆေးရုံကထိန်းထားသလိုမျိုး ပုံစံမျိုးဖြစ်နေတော့ လူနာကို ကွတ်ခိုင်၊ မူဆယ် ပို့ပေးရတယ်။ အခုက မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲဖြစ်တော့ လမ်းတွေ ပိတ်ထားတယ်။ ကွတ်ခိုင်လည်း အခုက လမ်းပြန်ပိတ် သွားပြီ ပို့ဖို့တောင်ခက်နေတယ် “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုထားသည့် စာရင်းအရ “ ၁၀၂၇ စစ်ဆင်ရေး “ တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...