မိုးကုတ်-မိုင်းလုံကြားရှိ စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို TNLA နှင့် မိုးကုတ်-PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့အနီးရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို TNLA နှင့် မိုးကုတ်-PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၅ နာရီခွဲခန့်မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြားရှိ စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို TNLA နှင့် မိုးကုတ်-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မိုင်းလုံမြို့ဒေသခံများက ပြောသည်။

“မနေ့ကတော့ လယ်ကြီးရွာနားက ကြိုးတံတားနားမှာ တိုက်ပွဲဖြစ်တာ။ မိုးကုတ်နဲ့ မိုင်းလုံကြား ပြင်ဦးလွင်သွားတဲ့ဘက်မှာ ဖြစ်တာလို့ ပြောရမှာပေါ့။ လယ်ကြီးဘက်ကိုလဲ တိုက်လေယာဉ်နဲ့ ၂ ခါ ဗုံးလာကြဲတယ်။ မနက် ၅ နာရီခွဲကျော်လောက်ကနေ ၁၀ နာရီကျော်အထိ တိုက်ပွဲဖြစ်တယ်။ ”ဟု မိုင်းလုံမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

မိုင်းလုံမြို့အနီးရှိ စစ်ကောင်စီတပ်များကို TNLA နှင့် မိုးကုတ်-PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင်လည်းကောင်း၊ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ ရက်တွင်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“မိုင်းလုံက ပြီးခဲ့တဲ့ ၆ ရက်နေ့က စစ်ကောင်စီရဲ့ တပ်စခန်းကို သိမ်းပိုက်နိုင်တယ်။ ပြီးတော့ အဲ့မှာရှိတဲ့ သူတို့ရဲ့ လက်နက်ကြီး အပါအဝင် စစ်လက်နက် အသုံးအဆောင်တွေလည်း သိမ်းဆည်းရမိခဲ့တယ်”ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းလုံမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မိုးကုတ်-PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ကျော်မှာ နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း မိုင်းလုံမြို့ဒေသခံများက ပြောသည်။

“မိုင်းလုံမြို့ပေါ်မှာတော့ အိမ်စောင့်ပဲကျန်ခဲ့ပြီး တော်တော်များများ ထွက်ပြေးကုန်ကြပြီ။ အရင်ရက်က တပ်နဲ့နီးတဲ့ အထက်ရပ်ဘက်မှာ ထိခိုက်မှုများတယ်”ဟု မိုင်းလုံမြို့မှ ၎င်း‌ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ကလေး ၃ ဦးနှင့် မသန်စွမ်း ၁ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မိုင်းလုံမြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...