သျှမ်းမြောက်တိုက်ပွဲကြား ပြည်သူ အရေးပေါ် ကူညီမှုမရသဖြင့် မလိုအပ်ဘဲ သေဆုံးရ

သျှမ်းမြောက်ဒေသ တိုက်ပွဲအတွင်း ပိတ်မိနေကြသည့် ပြည်သူများသည် အရေးပေါ် ကူညီမှုမရသဖြင့် မလိုအပ်ဘဲ သေဆုံးနေရကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းများထံမှ စုံစမ်း သိရသည်။

မူဆယ်လူမှုကူညီရေးအသင်း

အောက်တိုဘာလ ၂၇ ရက်မှ စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့ခြင်း၊ လွတ်လပ်စွာဖြတ်သန်းသွားခွင့် မရခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း စသည်ဖြင့်ကြောင့် တိုက်ပွဲကြားမှ ထိခိုက်ဒဏ်ရ ပြည်သူများကို အရေးပေါ်သွားရောက် ကူညီ၍ မရသည့်အချိန်တွင် မလိုအပ်ဘဲ သေဆုံးရကြောင်း မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ အခုနောက်ပိုင်းမှာ အရင်လိုမဟုတ်တော့ဘူး။ ကျနော်တို့ ဒေသမှာ ပေးမသွားတာရှိတယ်။ အဲ့မှာ ကျနော်တို့ အခက်ခဲတွေ အများကြီးရှိတယ်။ ဂိတ်တွေက မလွှတ်ဘူး။ ကျနော်တို့က ကယ်တင်ချင်ပေမယ့်လည်း၊ အားလုံးအဖွဲ့က သွားချင်ပေမယ့်လည်း ဒီကပေးမသွားတဲ့အခါမှာ ခက်ခဲမှုတွေ အများကြီးရှိတယ်။ မလိုအပ်ဘဲ ပြည်သူတွေအများကြီး သေဆုံးရတယ်။ ခြေထောက်ထိရုံနဲ့ သွေးထွက်လွန်ပြီး သေတာမျိုးတို့၊ လက်ထိပြီး သေတာမျိုးတို့ရှိတယ်။ ပြီးခဲ့တဲ့ တစ်လမှာ ၁၀ ကျော်ရှိနေပြီ “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

ယင်းသေဆုံးမှု ဦးရေသည် မူဆယ်မြို့နယ်အတွင်းသာ ဖြစ်ပြီး လက်လှမ်းမှီသလောက်သာ သိရှိထားသဖြင့် အဆိုပါဦးရေထက်သေဆုံးမှု များနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် လူမှုကူညီရေး ပရဟိတအသင်းကလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် ပြည်သူများနှင့် ပရဟိအသင်းများကြား အချင်းချင်းဆက်သွယ်ရန် ခက်ခဲခြင်း၊ ဒေသအတွင်း အာဏာပိုင်များနှင့် ချိတ်ဆက်ရန် ခက်ခဲခြင်း စသည့်ဖြင့် အခက်ခဲများ ကြုံတွေ့နေရကြောင်း တာဝန်ခံတစ်ဦးက ပြောသည်။

“ အခုနောက်ပိုင်း လိုင်းဖုန်းက အဆင်မပြေတော့ ကျနော်တို့နဲ့ ပြည်သူတွေကြား ဆက်သွယ်ဖို့ ခက်လာတယ်။ တစ်ယောက်ယောက်က ယာဉ်တိုက်မှု၊ လက်နက်ကြီး ထိမှန်လို့ အကြောင်းကြားလာရင် နောက်ကျမှသိရတာ။ ကျနော်တို့ နောက်ကျမှ ရောက်သွားတော့ လူနာက သွေးထွက်လွန်ပြီး ဆုံးသွားပြီ။ နောက်တခုက ဒေသအာဏာ ပိုင်တွေနဲ့ အဝင်၊ထွက်မရှိတော့ တစ်ခါတလေ လူနာသွားကြိုချင်ရင် သူတို့ကမသိတော့ ပေးမသွားဘူး။ တိုက်ပွဲကာလမှာ အရင်ကချိတ်ဆက်နေကျ တစ်ယောက်လည်း နေရာပြောင်းသွားတော့ ထပ်ပြီးချိတ်ဆက်ဖို့ ခက်ခဲတာ စတာတွေအခက်ခဲအမျိုးမျိုးရှိတာပေါ့ဗျာ “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ဒေသအတွင်းရှိ စစ်တပ်အပါအဝင် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တိုက်ပွဲကြားမှ မလိုအပ်ဘဲ ပြည်သူများ မသေဆုံးရအောင် ကန့်သတ်ချက်ဖြင့် သော်လည်းကောင်း လမ်းပိုင်းများအား ဖွင့်ပေးစေလို ကြောင်း လူမှုကူညီရေးအသင်းများက တောင်းဆိုလိုက်သည်။

“ ကျနော်တို့ ပရဟိတတွေကတော့ ထိခိုက်ဒဏ်ရတဲ့သူ၊ ဒုက္ခရောက်နေတဲ့သူတွေကို ရာခိုင်နှုန်းပြည့် ကယ်တင်ချင်တာပေါ့ဗျာ။ တချို့ပိတ်မိနေသူတွေလည်း ဟိုဘက်မှာသွားလာမရတော့ အစားအသောက် ပြတ်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ကျနော်တို့က ဒုက္ခရောက်နေသူတွေ၊ ဒဏ်ရာရသူတွေကို သွားရောက်ကယ်တင် ချင်တယ်။ ဒါကြောင့် အချိန်ပိုင်းဖြင့် သဘောက ၈ နာရီကနေ ၉ နာရီလား၊ ညနေလား ဖြစ်ဖြစ် သွားလာခွင့် ပြုဖို့လိုတယ်။ ကျနော်တို့ကယ်ဆယ်မှုကို အချိန်ပိုင်းဖြင့် ပေးစေလိုတယ် “ ဟု မူဆယ်မြို့နယ် ပရဟိတအသင်းဝင် တစ်ဦးက တောင်းဆိုသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုထားသည့် စာရင်းအရ “ ၁၀၂၇ စစ်ဆင်ရေး “ တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံးရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...