စစ်ဘေးရှောင်
တိုက်ပွဲများရပ်တန့်ရန် သျှမ်းလူထု ၄ ထောင်ကျော်လက်မှတ်ထိုး တောင်းဆို
သျှမ်းလက်နက်ကိုင် တိုက်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများရပ်တန့်ပေးရန်အတွက် သျှမ်းလူထု ၄ ထောင်ကျော် လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နှင့် သျှမ်းပြည် တိုးတက် ရေး ပါတီ...
သျှမ်းပြည်နယ် အတွင်း စစ်ဘေးရှောင်များထပ်မံတိုးလာကြောင်း ကုလ ထုတ်ပြန်
သျှမ်း ပြည်နယ် သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်များ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားသည်။ သျှမ်းပြည်နယ် သီပေါမြို့နယ် တွန်ကျိုင်းကျေးရွာ တွင် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ...
နမ္မတူမြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသောရွာသားများ စစ်ရှောင်စခန်းသို့ ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဖြစ်ပွါးသော တိုက်ပွဲကြောင့် ရွာအတွင်းပိတ်မိနေသည့် မန်ဝါကျေးလက်ရွာသားများ ယမန်နေ့ညက ရွာမှထွက်ခွါလာနိုင်ပြီဖြစ်ကြောင်းသိရသည်။ “နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ်က - မန်ဝါရွာက ရွာသားတွေကို မနေ့ညနေ သွားကြိုလာပါတယ်။ စုစုပေါင်း ၄၇ ယောက်ပါ။ ကလေးနဲ့အမျိုးသမီးတွေ သက်ကြီးပိုင်းတွေပါတယ်။ သူတို့ကို ပုပ္ပါရုံကျောင်းတိုက်မှာ နေရာချထားပေးပါတယ်။...
နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါး မန်စံသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မန်စံကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးသဖြင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။ နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း TNLA နှင့် RCSS/SSA တပ်များ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းနှင့် ဇန်နဝါရီလ ၁ ရက်နေ့မွန်းတည့်ချိန်ကတည်းက စပြီး ယနေ့ မွန်းတည့်ချိန်အထိတိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ မန်စံအုပ်စုဝင် နားငူး၊...
သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသား ၃၀၀ ကျော်စစ်ဘေးရှောင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာသား ၃၀၀ ကျော်နေရပ်မှ စွန့်ခွါထွက်ပြေးနေရကြောင်း သိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တပ်ဖွဲ့တို့ကြားပစ်ခတ်တိုက်ခိုက်မှုများကြောင့် သီပေါမြို့နယ် ခိုင်းဟျိုးအုပ်စုအတွင်း စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်မှ စွန့်ခွါထွက်ပြေးနေရခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက သီပေါမြို့နယ်...
သီပေါရှိစစ်ဘေးရှောင် များအားလုံးနေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လူထု ၂၀၀ ကျော်မှာ ယနေ့မနက်ပိုင်း နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်း စစ်ရေးတင်းမာနေမှုများ လျော့သွားပြီဖြစ်သည့်အပြင် လယ်ယာသီးနှံများမဆွတ်ရသေးသဖြင့် နမ့်ယန်းအုပ်စု နောင်ကော့ ဘုန်းကြီးကျောင်းသို့ရောက်ရှိနေသည့် ဒေသခံများ နေရပ်သို့ပြန်ကုန်ဖြစ်ကြောင်း ခိုင်းဟျိုးရွာ စစ်ဘေးရှောင်ဒေသခံတဦးကပြောသည်။ အခြေအနေကတော့ စိတ်အေးရပြီလားဆိုရင်တော့ မအေးရသေးပါဘူး ။ စစ်ရေးတင်းမာနေတာတော့...
သျှမ်း / မြောက် လက်နက်ကိုင်များကြား စစ်ရေးတင်းမာမှုကြောင့် အရပ်သား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆော့ ကျေးရွာ အုပ်စု အတွင်း စစ်ရေး တင်းမာမှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားစစ်ရေးတင်းမာမှုများဖြစ်ပွါးခဲ့ကြပြီး လက်ရှိ အချိန်ထိ တိုက်ပွဲမှာ မဖြစ်ပွားခဲ့သော်လည်း...
သီပေါမြို့က စစ်ဘေးရှောင်များ လယ်ယာထွက်သီးနှံမယူပြီးသေးလို့စိတ်ပူနေကြ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ တိုက်ပွဲတွေထပ်မံဖြစ်ပွါးတဲ့အတွက် ဒေသခံလူထု ၁၀၀၀ နီးပါးဟာ နေရပ်ကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ များပြားတဲ့ သီပေါမြို့နယ် နားမခေါ် အုပ်စုမှာ နို၀င်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာဘဲ သီပေါမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ဒေသခံ လူထုတွေဟာ ၃-၄ ကြိမ်ထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က သီပေါမြို့တောင်ဘက်...
သီပေါမြို့နယ်အတွင်း တိုက်ပွဲထပ်ဖြစ် ရွာသား ၃၀၀ ကျော် ဘုန်းကြီးကျောင်းရောက်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲထပ်မံဖြစ်ပွါးရာ စစ်ဘေးရှောင် ၃၀၀ ကျော် နားမခေါ်ဘုန်းကြီးကျောင်းသို့ရောက်ရှိနေကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်က နားမခေါ်အုပ်စု ဟိုနားရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် အစိုးရတပ်မတော် နှင့်လက်နက်ကိုင်အဖွဲ့တဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်းသိရသည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ဟိုနားရွာသားတဦးက - ဒီတခါတော့...
သီပေါမြို့နယ် စစ်ဘေးရှောင်တချို့နေရပ်ပြန်သွားသော်လည်း စစ်ရေးတင်းမာမှုကြောင့် ရွာသားတချို့ထပ်မံစစ်ဘေးရှောင်ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နောင်ကော့ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ နေရပ်သို့ပြန်သွားကြပြီဖြစ်သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ထပ်မံထွက်ပြေးလာ သူများလည်းရှိကြောင်းသိရသည်။ နောင်ကော့ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင် ၄၀၀ ကျော်မှာ ခိုင်းဟျိုးရွာ၊ ကုန်းဆော့ရွာမှ ရွာသားများဖြစ်ကြပြီး ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့က နေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။ “အခြေအနေက ငြိမ်ပြီလားဆိုတော့လည်း ကောင်းကောင်းတော့မငြိမ်သေးဘူးပေါ့နော်။ စစ်ရေးကတင်းမာနေသေးတယ်။ ၅ ရက်နေ့က...





