သျှမ်း / မြောက် လက်နက်ကိုင်များကြား စစ်ရေးတင်းမာမှုကြောင့် အရပ်သား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆော့ ကျေးရွာ အုပ်စု အတွင်း စစ်ရေး တင်းမာမှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

Photo by Sipaw youth/ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်နေရသည့် သီပေါမြို့နယ် ခိုင်းဟျိုးရွာသားများ

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားစစ်ရေးတင်းမာမှုများဖြစ်ပွါးခဲ့ကြပြီး လက်ရှိ အချိန်ထိ တိုက်ပွဲမှာ မဖြစ်ပွားခဲ့သော်လည်း ဒီဇင်ဘာ ၁၇ ရက် ယမန်နေ့က စစ်ရေးတင်းမာမှုများရှိသဖြင့် ကုန်းဆော့အုပ်စု ခိုင်းဟျိုးရွာမှ ဒေသခံများ တိုက်ပွဲဖြစ်ပွားမည် ကို စိုးရိမ်ကာ သီပေါမြို့နယ် နမ့်ယန်းကျေးရွာ အုပ်စု နောင်ကော့ဘုန်းတော်ကြီးကျောင်း သို့ စစ်ရှောင် ၅၀၀ ထွက်ပြေး တိမ်းရှောင်လာကြောင်း အသက် ၄၀ ကျော်အရွယ်ရှိ စစ်ဘေးရှောင် စိုင်းလုံ ကပြောသည်။

“ ဟို တနေ့ကတော့ သေနတ်သံကြားတယ်။ မနေ့ကတော့ သေနတ်သံမကြားဘူး။ တိုက်ပွဲတော့ မဖြစ်ကြဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ထွက်ပြေးလာကြတာ” ဟု စိုင်းလုံ ကဆိုသည်။

ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ နောင်ကော့ကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက် စစ်ရှောင်သည့် အရပ်သား ပြည်သူ တချို့ သည် သီပေါဘက်သို့ ရွှေ့ပြောင်းသွားကြပြီး၊ တချို့မှာ တိုက်ပွဲသံမကြားရသဖြင့် မိမိနေရပ်သို့ ပြန်သွားကြောင်း၊ လက်ရှိ မှာ စစ်ရှောင် ၂၅၀ ကျော်သာ ကျန်ကြောင်းလည်း စစ်ရှောင် စိုင်းလုံ ကပြောပြသည်။

“ ဒီမှာတော့ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေပဲကျန်တယ်။ သေနတ်သံတွေ မကြား တိုက်ပွဲဖြစ်သံမကြားတော့ နေရပ်ပြန်ကြည့်ကြတယ်။ တချို့က သီပေါဘက် သွားနေတယ်” ဟု ၎င်း က ဆိုသည်။

ဆက်လက်ပြီး သီပေါမြို့နယ် မှ လူငယ်အမျိုးသားတဦး က “ ကျနော်တို့ အချင်းချင်းဖြစ်တဲ့ တိုက်ပွဲ ဘာပြောရမှန်းမသိတော့ဘူး။ လူမျိုးအချင်းချင်းဖြစ်တဲ့အတွက် ပြောရခက်တယ်။ အရပ်သားပြည်သူတွေရဲ့ မျက်နှာ ကြည့်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြိုု့နယ်၊ လားရှိုးနှင့် နမ္မတူမြို့နယ် တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် အရပ်သားပြည်သူများ စစ်ဘေးရှောင်နေရပြီး၊ လယ်ယာများ ကောင်းမွန်စွာမလုပ်ကိုင်နိုင်ကြကာ စားဝတ်နေရေး အတွက် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

အရပ်သားပြည်သူများ အား ပစ်မှတ်ထားပြီး ပစ်ခတ်နေခြင်း နှင့် တိုက်ပွဲများရပ်တန့်ရန် အတွက် တိုင်းရင်းသားခေါင်းဆောင် အချင်းချင်း တွေ့ဆုံ ဆွေးနွေးပေးရန် လည်း သျှမ်းပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းမှ နိုဝင်ဘာ ၂၉ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...