Tuesday, January 27, 2026

သီပေါရှိစစ်ဘေးရှောင် များအားလုံးနေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လူထု ၂၀၀ ကျော်မှာ ယနေ့မနက်ပိုင်း နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

Photo by Sipaw Youth / သီပေါမြို့နယ် နောင်ကော့ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်နေကြစဉ်

ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်း စစ်ရေးတင်းမာနေမှုများ လျော့သွားပြီဖြစ်သည့်အပြင် လယ်ယာသီးနှံများမဆွတ်ရသေးသဖြင့် နမ့်ယန်းအုပ်စု နောင်ကော့ ဘုန်းကြီးကျောင်းသို့ရောက်ရှိနေသည့် ဒေသခံများ နေရပ်သို့ပြန်ကုန်ဖြစ်ကြောင်း ခိုင်းဟျိုးရွာ စစ်ဘေးရှောင်ဒေသခံတဦးကပြောသည်။

အခြေအနေကတော့ စိတ်အေးရပြီလားဆိုရင်တော့ မအေးရသေးပါဘူး ။ စစ်ရေးတင်းမာနေတာတော့ လျော့တော့လျော့သွားတယ်။ RCSS/SSA ကလည်း နမ္မတူမြစ်အနောက်ဘက်ခြမ်းကို ဆုတ်ခွါတိမ်းရှောင်သွားပြီလို့ကြားရတယ်။ ကျန်တဖွဲ့ကလည်း ဆုတ်သွားပြီလို့ကြားတယ်။ သူတို့ဆုတ်တဲ့အချိန်မှာဆို သီးနှံတွေအမြန်ပြန်ဆွတ်ရမယ်လေ- ဟု စစ်ဘေးရှောင်ရာမှ နေရပ်ပြန်ရန်စီစဉ်နေတဲ့ ခိုင်းဟျိုးရွာသားတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Sipaw Youth / သီပေါမြို့နယ် နောင်ကော့ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်နေကြစဉ်

ဒီဇင်ဘာလ ၁၇ ရက်ညပိုင်းက လက်နက်ကိုင်တပ်ဖွဲ့  ၂ ဖွဲ့ကြား စစ်ရေးတင်းမာမှုများကြောင့် သီပေါမြို့နယ် ကွန်းဆော့အုပ်စုဝင် ခိုင်းဟျိုးရွာနှင့် ပန်ဟိုက်ရွာသား ၅၀၀ ကျော်မှာ နောင်ကော့ရွာဘုန်းကြီးကျောင်းသို့လည်းကောင်း ဆွေမျိုးများနေအိမ်သို့လည်းကောင်းညတွင်းချင်း ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ဒီဇင်ဘာလ ၁၈ ရက်က အမျိုးသားများမှာ ရွာပြန်လယ်ယာလုပ်ငန်းခွင်ဝင်ခဲ့ပြီး ကျန်ရှိ အမျိုးသမီးနှင့် ကလေးများ သက်ကြီးရွယ်အိုများ စစ်ဘေးရှောင် ၂၀၀ ကျော်မှာမူ ဒီဇင်ဘာလ ၁၉ ရက်မနက်ပိုင်းတွင် နေရပ်သို့ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...