တိုက်ပွဲများရပ်တန့်ရန် သျှမ်းလူထု ၄ ထောင်ကျော်လက်မှတ်ထိုး တောင်းဆို

သျှမ်းလက်နက်ကိုင် တိုက်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများရပ်တန့်ပေးရန်အတွက် သျှမ်းလူထု ၄ ထောင်ကျော် လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နှင့် သျှမ်းပြည် တိုးတက် ရေး ပါတီ SSPP တို့သည် နိုဝင်ဘာလကတိုက်ပွဲစတင်ဖြစ်ပွါးလာခဲ့ရာ အရပ်သားပြည်သူများ စစ်ရှောင် နေ ကြပြီး၊ အသက်သေဆုံးမှုများလည်းရှိခဲ့သည်။

တိုက်ပွဲကြောင့် အရပ်သားပြည်သူများ စစ်ရှောင်နေရသဖြင့် လယ်ယာစိုက်ပျိုးမှုများမပြုလုပ်ခဲ့ပေ။ ထို့အတွက် စစ်ပွဲများ ရပ်တန့်ရန် ပြည်သူများက လက်မှတ်ရေးထိုးကာ ၂ ဖက် သျှမ်းလက်နက်ကိုင်များကို စာပို့ ခဲ့ကြောင်း နားမခေါ်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် နန်းလောဝ်ခမ်း က ပြောသည်။

“ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့လုံးရဲ့ခေါင်းဆောင်တွေကို သျှမ်းပြည်လူထုကို စာနာထောက်ထားသောအားဖြင့် အလျင် အမြန်တွေ့ဆုံပေးဖို့နဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ စစ်ဘေးရှောင်တွေ ပြည်သူတွေ အားလုံး စုပေါင်းပြီး လက်မှတ်ထိုး ပြီး ပို့တာပါ။ လက်မှတ်ကတော့ ၄၆၈၈ ယောက်ရပါတယ်” ဟု နန်းလောဝ်ခမ်း က ဆိုသည်။

ထိုနည်းတူ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့တိုက်ပွဲများရပ်တန့်ရန် အတွက် ၂ ဖက်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး CSSU မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စာရေး ပို့ခဲ့ ကြောင်းသိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းက သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် အတွင်း စစ်ရှောင် ၁၆၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်။ပြီးခဲ့နှစ်အတွင်း နားမခေါ်ရွာသားများ ၅ ကြိမ်ထက်မနည်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...