Wednesday, January 28, 2026

တိုက်ပွဲများရပ်တန့်ရန် သျှမ်းလူထု ၄ ထောင်ကျော်လက်မှတ်ထိုး တောင်းဆို

သျှမ်းလက်နက်ကိုင် တိုက်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများရပ်တန့်ပေးရန်အတွက် သျှမ်းလူထု ၄ ထောင်ကျော် လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နှင့် သျှမ်းပြည် တိုးတက် ရေး ပါတီ SSPP တို့သည် နိုဝင်ဘာလကတိုက်ပွဲစတင်ဖြစ်ပွါးလာခဲ့ရာ အရပ်သားပြည်သူများ စစ်ရှောင် နေ ကြပြီး၊ အသက်သေဆုံးမှုများလည်းရှိခဲ့သည်။

တိုက်ပွဲကြောင့် အရပ်သားပြည်သူများ စစ်ရှောင်နေရသဖြင့် လယ်ယာစိုက်ပျိုးမှုများမပြုလုပ်ခဲ့ပေ။ ထို့အတွက် စစ်ပွဲများ ရပ်တန့်ရန် ပြည်သူများက လက်မှတ်ရေးထိုးကာ ၂ ဖက် သျှမ်းလက်နက်ကိုင်များကို စာပို့ ခဲ့ကြောင်း နားမခေါ်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် နန်းလောဝ်ခမ်း က ပြောသည်။

“ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့လုံးရဲ့ခေါင်းဆောင်တွေကို သျှမ်းပြည်လူထုကို စာနာထောက်ထားသောအားဖြင့် အလျင် အမြန်တွေ့ဆုံပေးဖို့နဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ စစ်ဘေးရှောင်တွေ ပြည်သူတွေ အားလုံး စုပေါင်းပြီး လက်မှတ်ထိုး ပြီး ပို့တာပါ။ လက်မှတ်ကတော့ ၄၆၈၈ ယောက်ရပါတယ်” ဟု နန်းလောဝ်ခမ်း က ဆိုသည်။

ထိုနည်းတူ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့တိုက်ပွဲများရပ်တန့်ရန် အတွက် ၂ ဖက်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး CSSU မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စာရေး ပို့ခဲ့ ကြောင်းသိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းက သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် အတွင်း စစ်ရှောင် ၁၆၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်။ပြီးခဲ့နှစ်အတွင်း နားမခေါ်ရွာသားများ ၅ ကြိမ်ထက်မနည်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...