နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါး မန်စံသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မန်စံကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးသဖြင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။

Photo by Lun Sai : မန်စံဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် စခန်း

နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း TNLA နှင့် RCSS/SSA တပ်များ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းနှင့် ဇန်နဝါရီလ ၁ ရက်နေ့မွန်းတည့်ချိန်ကတည်းက စပြီး ယနေ့ မွန်းတည့်ချိန်အထိတိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ မန်စံအုပ်စုဝင် နားငူး၊ နားဟန်း၊ နောင်အော် ရွာသားများ မန်စံဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် လူငယ်တဦးပြောသည်။

နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက – “နားငူး ၊ နားဟန်း၊ နောင်အော်၊ နားကျိုင်း ရွာက ရွာသားတွေ မနေ့က ၁၉၀ ကျော်ရောက်တယ်။ ဒီနေ့ကျတော့ ၂၀၀ ထပ်ရောက်လာတယ်။ မန်ဝါ ရွာသားတွေကတော့ မထွက်လာနိုင်သေးဘူး။၀န်ထမ်းတွေအပါအဝင်ပေါ့ အယောက် ၅၀ လောက်ရှိတယ်ပြောတယ်။ ကျမ အခု စစ်ဘေးရှောင်တွေဆီကိုထပ်သွားမလို့ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by NH : နားငူးရွာ

မန်ဝါရွာအနီးတွင်ဖြစ်ပွါးသော ပစ်ခတ်မှုမှာ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းတည့်ချိန်အထိ မရပ်သေးသဖြင့် ရွာသားများ မထွက်လာနိုင်သေးကြောင်း ဆိုပါသည်။

နားကျိုင်းရွာတွင်မူ ရွာတွင်းသို့ လက်နက်ကြီးတလုံးကျကြောင်း၊ သို့သော် လူသူထိခိုက်သေဆုံးမှု တော့ မရှိခဲ့ကြောင်း စစ်ဘေးရှောင်များအား ကူညီမှုပေးနေသည့် လူငယ်ကပြောပြသည်။

“တချို့လည်း မထွက်လာနိုင်သေးဘူး။ တချို့လည်း မထွက်လာရဲတာရှိတယ်။ သူတို့ကိုကြိုဖို့လည်း အသင့်သွားစောင့်နေကြတာရှိပါတယ်။ ” – ဟု စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ် ကပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားကာ ဒေသခံများ စစ်ဘေးရှောင်မှု ပြုလုပ်နေရသဖြင့် လယ်ယာ မစိုက်ပျိုးနိုင်ကြောင်း၊ အလုပ်အကိုင် ကောင်းမွန်စွာ မပြုလုပ်နိုင်သည့် အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်းလည်း ဒေသခံ က ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ များ၊ မြန်မာ့တပ်မတော် ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့လှုပ်ရှားပါသည်။ သို့သော် အစိုးရတပ်မတော်က ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ မတ်လအထိ ၄ လ အတွင်း တဖက်သတ်အပစ်ရပ်ထားမည်ဟုကြေငြာချက်ထုတ်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...