Saturday, April 20, 2024

မန်စံ

နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းသို့ စစ်ရှောင်များပြန်ရောက်လာ

နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီး နာရီပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်မှုထပ်ဖြစ်သဖြင့် ရွာသားများ ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေး လာခဲ့ကြကြောင်းသိရသည်။ ဒီဇင်ဘာ (၁၇) ရက်ည နမ့်တောင်ကုန်းအုပ်စု နားကျဲကျေးရွာအနီး TNLA နှင့် RCSS တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နားကျဲရွာသားနှင့်ထိုအနီးရှိ ပန်ချင်အုပ်စုဝင် ပိန်းလုံကျေးရွာ၊ ကွန်ကျောင်းကျေးရွာ နှင့်...

သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA ကြားတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွါး လက်ရှိရွာသား ၂၀၀ ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မနေ့ နဲ့ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ နှစ်ဖက် စစ်အင်အားဖြည့်တာတွေတော့ မကြားရသေးဘူး။ TNLA နဲ့ တိုက်ပွဲဖြစ်တာ ၃ ကြိမ်ပါ။ SSPP နဲ့က တစ်ကြိမ်။...

နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော်...

၂၀၁၈ အတွင်း စစ်ရေးတင်းမာမှုများကြောင့် နမ္မတူလူငယ်များ တရုတ်သို့ သွားရောက်အလုပ်လုပ်ကိုင်မှုတိုးများလာ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် စစ်ရေးတင်းမာမှု စစ်ဘေးရှောင်မှုများပြား လာသည့်နောက်ပိုင်း ဒေသတွင်းလူငယ် တဝက်ကျော်မှာ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ၊ မိုင်းရင်ရွာများဘက်က ဒေသခံလူငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းခွင်ကောင်းကောင်းမဝင်ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကစပြီး ယနေ့တိုင် တရုတ်နိုင်ငံသို့  သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်း များပြားလာကြောင်းသိရသည်။ “ပလောင်ရွာရော...

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါး မန်စံသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မန်စံကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးသဖြင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။ နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း TNLA နှင့် RCSS/SSA တပ်များ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းနှင့် ဇန်နဝါရီလ ၁ ရက်နေ့မွန်းတည့်ချိန်ကတည်းက စပြီး ယနေ့ မွန်းတည့်ချိန်အထိတိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ မန်စံအုပ်စုဝင် နားငူး၊...

နမ္မတူမြို့နယ် မန်စံကျေးရွာ နှင့် မိုင်းမု ကျေးရွာသို့ စစ်ရှောင် ၈၀၀ ကျော်ရောက်ရှိခိုလှုံ

သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် မန်စံကျေးရွာ နှင့် မိုင်းမု ကျေးရွာတွင် စစ်ဘေးရှောင် ၈၀၀ ကျော်လာရောက်ခိုလှုံနေကြကြောင်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် ( SSPP/SSA) နှင့်...

Latest news