နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းသို့ စစ်ရှောင်များပြန်ရောက်လာ

နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီး နာရီပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်မှုထပ်ဖြစ်သဖြင့် ရွာသားများ ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေး လာခဲ့ကြကြောင်းသိရသည်။

Photo Credit to Nang Kham Aye -ပထမတသုတ်က မန်စံဘုန်းကြီးကျောင်သို့ရောက်ရှိလာတဲ့စစ်ဘေးရှောင်များ

ဒီဇင်ဘာ (၁၇) ရက်ည နမ့်တောင်ကုန်းအုပ်စု နားကျဲကျေးရွာအနီး TNLA နှင့် RCSS တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နားကျဲရွာသားနှင့်ထိုအနီးရှိ ပန်ချင်အုပ်စုဝင် ပိန်းလုံကျေးရွာ၊ ကွန်ကျောင်းကျေးရွာ နှင့် ဒေသခံများသည် မန်စံရွှေစကားဝါ ဘုန်းကြီးကျောင်းသို့ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။

“မနေ့ညနေက ထိတွေ့မှုဖြစ်တယ်။ ချက်ချင်းဘဲ မနေ့ညနေက ပြန်ရောက်လာတယ်။ မူရင်းရှိပြီးသား စစ်ရှောင်တွေက ပြန်သွားတယ်။ အိမ်မှာ တစ်ညသွားအိပ်တယ်။ အထုပ်တောင်မဖြည်သေးဘူး တစ်ညအိပ်ပြီးတော့ နောက်တစ်ရက်မှာ တိုက်ပွဲဖြစ်တော့ ချက်ချင်းပြန်ရောက်လာတယ်။” ဟု နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းခမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ ဒီဇင်ဘာ (၁၈) ရက် နံနက်အစောပိုင်းကစပြီး နားကျဲရွာပိုင်းက ပစ်ခတ်သံများ နေ့ခင်းပိုင်းအချိန်အထိ ကြားနေရကြောင်း လားရှိုး-မန်စံကားလမ်းမဘေးရှိ နားကျိုင်းမှရွာသားက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ ရွာပေါင်း (၃) ရွာ ပိန်းလုံ ကွန်ကျောင်း နားကျဲ အိမ်ထောင်စု (၅၂) စု လူဦးရေ (၁၅၈) မန်စံရွှေစကားဝါ ကျောင်းတိုက်မှာ ရောက်ရှိနေပါတယ်။ မနေ့ည ရောက်လာတာက (၄၇) အိမ် လူဦးရေ (၁၄၅) ဒီမနက် နညး်နည်း ထပ်တိုးလိုက်တော့ (၅၂) အိမ်ဖြစ်သွားတယ်။” ဟု နန်းခမ်းအေး ကပြောသည်။

TNLA နှင့် RCSS/SSA တို့ ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာ (၁၇) ရက်နေ့က ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာမှာရေးသားထား သည်။

“မနေ့ည တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ၅ မိနစ်လောက် ဖြစ်တာပါ။”ဟု RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ ကပြောသည်။

ဒီဇင်ဘာ (၉) ရက်နေ့မှစပြီး နမ္မတူမြို့နယ် နားကျဲကျေးရွာအနီး ၂ ဘက်တပ် ပစ်ခတ်မှု ရှိသဖြင့် ရွာသားများနေရပ်မှ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒီဇင်ဘာလ ၁၇ ရက် နေ့ခင်းပိုင်းက ရွာပိုင်းတွင်ပစ်ခတ်မှုငြိမ်နေသဖြင့် ပြန်သွားကြရာ နာရီပိုင်းအကြာတွင်ပစ်ခတ်မှုထပ်ကြားရသဖြင့် ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...