Tuesday, January 27, 2026

နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ
Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ

ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“မိုင်းမုကျောင်းတိုက်ဆရာတော်ရဲ့စျာပနသွားဖို့ နားတုံကျောင်းတိုက်ဆရာတော် ဦးမူးလိန္တရယ် ကျောင်းဟောင်ကျောင်းတိုက်က ကိုယ်ရင်တပါးရယ် ဆိုင်ကယ်စီးပြီး သူကြီးအိမ်ရှေ့ဖြတ်သွားတဲ့အချိန်မှာ ဗုံးကကွဲတာ။ ဗုံးကအကြီးစားမဟုတ်လို့တော်သေးတယ်။ ဆရာတော်ကိုဘဲထိတယ်။ ဆိုင်ကယ်တော့ဘာမှမဖြစ်ခဲ့ဘူး။ ဆရာတော်ကိုမနေ့က လားရှိုးစစ်ဆေးရုံကိုပို့ဆောင်ထားတယ်။ ဒီနေ့ဆေးရုံကနေဆင်းတော့မယ်လို့တောင်ကြားပါတယ်။ ကျောမှာထိတယ်ဒဏ်ရာက “– ဟု ရွာသူကြီးနှင့်နီးစပ်သည့် မန်စံဒေသခံ အမျိုးသမီးတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုမတိုင်ခင်တရက်က ဦးဖိုးထောင်သည် RCSS ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူများ၏လက်ချက်သာဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

သို့သော် ယနေ့တိုင် မည်သူ့လက်ချက်ဖြစ်ကြောင်းကိုမူ ဒေသအာဏာပိုင်များက ကြေငြာခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကုတ်မြို့ လက်ပစ်ဗုံးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့တွင် လူနေရပ်ကွက်အတွင်း လက်ပစ်ဗုံး ပစ်ခတ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ကားဂိတ်ဘက်တွင်...

သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...

ရိုးရာပွဲ မီးလုံးအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲအတွက် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး နေအိမ်လည်း မီးလောင်းပြကျသွားခဲ့ရကြောင်း သိရသည်။ ယမန်နေ့ (မေ လ ၁၃) ရက် ညနေ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၃ဆင့်ဖြစ်ပေါ်ကာ မီးသတ်...

မူဆယ် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံ လက်ပစ်ဗုံး ပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်

0
မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အယောင်ဆောင်အဖွဲ့ MSPDF က နှစ်ရက်ဆက်တိုက် လက်ပစ်ဗုံး လာရောက်ပစ်ချပြီး Viber မှတဆင့် ငွေညှစ်တောင်းခံစာနှင့် မိသားစုဝင်များကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့တွင်...