မူဆယ် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံ လက်ပစ်ဗုံး ပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်

မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အယောင်ဆောင်အဖွဲ့ MSPDF က နှစ်ရက်ဆက်တိုက် လက်ပစ်ဗုံး လာရောက်ပစ်ချပြီး Viber မှတဆင့် ငွေညှစ်တောင်းခံစာနှင့် မိသားစုဝင်များကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

သျှမ်းပြည် မူဆယ်မြို့တွင် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံသို့ ယမန်နေ့ ( မတ် ၉ /မတ်၁၀)ရက်တွင် လက်ပစ်ဗုံး ၂ လုံး ပေးပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

“မနေ့တုန်းက တောင်ရပ်ကွက်မှာ Viber ထဲကနေ စာပို့ခြိမ်းခြောက်ပြီး သိန်း ၅၀၀ တောင်းတာ။ လက်ပစ်ဗုံး ၂ လုံးလည်း ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး အိမ်ခြံဝင်းထဲ လာပစ်သွားတယ်၊ စနက်တံလည်း မဖြုတ်ထားဘူး။ အဲ့လောက်ပိုက်ဆံ မပေးနိုင်ရင် ဒရုန်းဗုံး လာပစ်မယ်လို့ ထပ်ပြီးခြိမ်းခြောက်တယ်၊ အခုက ဘယ်ကိုမှ တိုင်လို့မရတော့ အိမ်ရှင်လည်း ထွက်ပြေးနေရတယ်”ဟု မူဆယ်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MSPDF အမည်ဖြင့် မူဆယ် PDF လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး ၎င်းတို့ ငွေညှစ်တောင်းခံလိုသူများကို ဓာတ်ပုံနှင့် ဖုန်းနံပါတ်တို့ဖြင့် တစ်ဦးချင်းစီ လိပ်မူပြီး အခွန်ဆောင်ရန် အကြောင်းကြားစာကို Viber မှတဆင့် ပေးပို့ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံများက ပြောသည်။

၎င်းငွေညှစ်ခြိမ်းခြောက်စာတွင် ရှောင်ပြေးခြင်း၊ အခွန်ပေးဆောင်ခြင်း မရှိပါက နေအိမ်ပိုင်ဆိုင်မှုကို ဗုံးခွဲတိုက်ခိုက်သွားမည့်အပြင် လူကို နောက်ယောင်ခံလိုက်၍ ချောင်းပစ်ခတ်ခြင်း၊ ပြန်ပြေးဆွဲ၍ မိခဲ့လျှင် အဆ ၅၀ အထက်ဖြင့် ပြန်ရွေးရမည်ဟု ခြိမ်းခြောက်ရေးသားထားသည်။

“Viber ထဲကနေ ပို့လာတာဆိုတော့ သူတို့ Profile ကိုလည်း မတွေ့ရဘူး။ ခြိမ်းခြောက်တဲ့ နည်းကတော့ အတူတူပဲ၊ ဒါပေမယ့် ဘယ်အဖွဲ့လဲဆိုတာ သေချာမသိရဘူး။ သူတို့နဲ့ မညှိနိုင်ရင်တော့ ထွက်ပြေးရုံပဲရှိမှာ။ ဘယ်မှလဲ သွားတိုင်လို့မရဘူး၊ တိုင်စရာ နေရာလည်း မရှိဘူး။ သူတို့ စာပို့လာတဲ့အထဲမှာလည်း စကစဆီကိုပဲ တိုင်တိုင်၊ လက်နက်ကိုင်တပ်ဖွဲ့ဆီပဲ တိုင်တိုင် သူတို့မကြောက်ဘူးလို့ ပြောတာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ် PDF အမည်ခံ MSPDF အယောင်ဆောင်အဖွဲ့နှင့် မြို့ပြပျောက်ကြားအဖွဲ့ အမည်များဖြင့် မြို့ပေါ်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖုန်းဆိုင် စသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားလုံးကို အွန်လိုင်းမှစာပို့၍ ငွေညှစ်တောင်းခံသည့်အပြင် အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ ဆိုးရွားနေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“ကိုယ့်ကို ဘယ်အချိန် ရန်လာလုပ်မလဲ မသိဘူး။ အပြင်ထွက်ရင် ကိုယ့်ကို ဘယ်အချိန် ဖမ်းသွားမလဲ၊ သေနတ်နဲ့လာပစ်မှာလည်း ဗုံးနဲ့လာပစ်မှာလား ဘယ်အချိန်လာမှာလဲဆိုတာလည်း မှန်းလို့မရဘူး။ တချို့ကတော့ သူတို့ငွေညှစ် ခြိမ်းခြောက်ခံရတာကို တိတ်တိတ်လေး ငြိမ်ခံနေတာ တခြားသူကို မပြောပြတာ အများကြီးရှိတယ်။ မူဆယ်က လုံးဝကို မလုံခြုံတော့ဘူး”ဟု မူဆယ်မြို့မှ ငွေလဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့များ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အလျောက် ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများက ပြောသည်။

“ပိုက်ဆံတောင်းတဲ့နည်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ မတူဘူး။ သူတို့ကို ပိုက်ဆံတိုက်ရိုက် ထည့်ပေးရတာ မဟုတ်ဘူးဘဲ KPay နဲ့ Wave Money တို့လို နောက်ပြီး ဘဏ်ထဲကို လွှဲပေးရတာမျိုး လုပ်ရမှာ။ အခု ခြိမ်းခြောက်ငွေညှစ်နေတာတွေက နွေဦးတော်လှန်ရေး နာမည်သုံးပြီးတော့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ ပေါင်းပြီးလုပ်စားနေတာ။ သူတို့က PDF တွေ နာမည်ပျက်အောင် လုပ်တာလည်း ပါမှာ”ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ကူမင်းမြို့၌ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း မူဆယ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသော်လည်း မြို့ပတ်ပတ်လည်တွင် ဝိုင်းရံပိတ်ဆို့ထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...