သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA ကြားတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွါး လက်ရှိရွာသား ၂၀၀ ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မနေ့ နဲ့ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ နှစ်ဖက် စစ်အင်အားဖြည့်တာတွေတော့ မကြားရသေးဘူး။ TNLA နဲ့ တိုက်ပွဲဖြစ်တာ ၃ ကြိမ်ပါ။ SSPP နဲ့က တစ်ကြိမ်။ စုစုပေါင်း (၄) ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်။” ဟု RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ (၅) ရက်နေ့က RCSS နှင့် SSPP တို့ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာ (၇ ရက်မှ ၁၀) ရက်ထိ နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၄) ဦးရှိပြီး ၊ စစ်ဘေးရှောင် ပြည်သူ (၂၀၀) ကျော်ရှိကြောင်း သိရသည်။

“ဒီနေ့ထိ မန်စံဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တဲ့သူတွေ ရှိသေးတယ်။ ဘယ်လောက်ကျန်လဲတော့ အတိအကျ မသိရသေးဘူး။ တစ်ချို့လည်း ပြန်သွားတာတွေရှိတယ်။ တစ်ချို့ကျတော့လည်း တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်လို့ မပြန်သေးတာတွေလည်းရှိတယ်။” နမ္မတူမြို့နယ် မှ မေတ္တာရှင် လူမှုကူညီရေးအသင်းသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

TNLA လှုပ်ရှားရာ နယ်မြေတွင်း RCSS ကျုးကျော်ဝင်ရောက်သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း (TNLA) သတင်းမှန်ကြားရေး က ထုတ်ပြန်ထားသည်။

“TNLAပြောတာတော့ RCSS ဘက်က နယ်မြေကျုးကျော်တာပေါ့။ ဒါပေမယ့် RCSS က မကျူးကျော်ရပါဘူး။ ကျနော်တို့ အဲ့နေရာ ဒေသ လှုပ်ရှားလာတာ နှစ်ပေါင်း (၃၀) ကျော်ပြီ။ ဒါကြောင့် ဘာကြောင့် တိုက်ပွဲဖြစ်လဲဆိုရင် TNLA ဘက်ကပြောတာတော့ ကျနော်တို့ သူတို့ နယ်မြေကို ကျုးကျော်လို့ တိုက်ပွဲဖြစ်ရတာပေါ့။” ဟု စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေး ဌာန ရေးသားဖော်ပြချက်အရ ဒီဇင်ဘာအတွင်း RCSS တပ်ဖွဲ့တို့နယ်မြေကျုးကျော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တအောင်းတပ်မတော် (TNLA) နှင့် တို်က်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...