နမ္မတူမြို့နယ် မန်စံကျေးရွာ နှင့် မိုင်းမု ကျေးရွာသို့ စစ်ရှောင် ၈၀၀ ကျော်ရောက်ရှိခိုလှုံ

သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် မန်စံကျေးရွာ နှင့် မိုင်းမု ကျေးရွာတွင် စစ်ဘေးရှောင် ၈၀၀ ကျော်လာရောက်ခိုလှုံနေကြကြောင်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် ( SSPP/SSA) နှင့် မြန်မာ့ တပ်မတော်တို့သည့်သြဂုတ် ၂၉ ရက်နေ့မှ စတင်ကာ ယနေ့ထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်များသည် နမ္မတူမြို့နယ် မန်စံကျေးရွာ ရှိ စစ်ဘေးရှောင်တွင် ၅၀၀ ကျော် နှင့် မိုင်းမုကျေးရွာ ဘုန်းကြီးကျောင်းတွင် ၃၀၀ နီးပါး ရောက်ရှိတိမ်းရှောင်နေကြကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စိုင်းမြင့် က ပြောသည်။

“ တိုက်ပွဲတွေကတော့ ၂၉ ရက်က စဖြစ်တာပဲ။ အခုထိ တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ရှောင်တွေကတော့ ၂၉ ရက်ကတည်းက ရောက်နေတာ။ ဒီမနက်တောင် ထော်လဂျီ တစီးနဲ့ ထပ်ရောက်လာတယ်” ဟု စိုင်းမြင့် ကပြောသည်။

စစ်ဘေးရှောင်များမှာ နမ့်ဆီလင်း၊ မန်မိုင်၊ မန်ပုံ၊ ဆန်ခါ၊ ကောင်းဟုန်း၊ နောင်ငင်း၊ လွယ်ပန်ပေ့၊ လွယ်ဟန်း ရွာများမှ ရွာသားများဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ လုံလောက်မှုရှိသော်လည်း ရက်ရှည်ကြာပါက ရိက္ခာ ပြတ်လပ်မှုများဖြစ်နိုင်ကြောင်း၊ တချို့ စစ်ဘေးရှောင် များ အဝတ်အစားလိုအပ်မှုများရှိကြောင်း စိုင်းမြင့်က ထပ်လောင်းပြောသည်။

စစ်ရှောင်လာသည့် ဆန်ခါ ကျေးရွာ မှ ဒေသခံ တဦးက “ မနေ့က ဆန်ခါကျေးရွာ အနီး မှာ လက်နက်ကြီး ၂ လုံးကျတယ်။ လူတော့မထိဘူး။ အိမ်တော့ထိသွားတယ်။ တိုက်ပွဲကတော့ ခဏခဏဖြစ်တော့ ကျနော်တို့ အတွက် အရမ်းခက်ခဲတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်နှင့် မြန်မာတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ကြလျှင် ပြည်သူများ သာ ခံရကြောင်း ကောင်းဟုန်းကျေးရွာမှ အသက် ၄၀ ကျော် လုံးအောင်က ပြောပြသည်။

“ ဟိုနေ့က ကျနော်တို့ ကောင်းဟုန်းကျေးရွာထဲကို တပ်က သြဂုတ် ၂၉ ရက်နေ့ ဝင်လာတော့ မြောက်ပိုင်းမဟာမိတ်က သူတို့ကို မပြောရကောင်းလားဆိုပြီး ကျနော်တို့ ရွာသူကြီးကို လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်သွားတယ်။ တပ်ကို အကြောင်းကြားလို့ ဆိုပြီး ဖမ်းသွားတာ။ ၂၄ နာရီ ချုပ်ထားတယ်” ဟု လုံးအောင် က ဆိုသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားကာ ဒေသခံများ စစ်ဘေးရှောင်မှု ပြုလုပ်နေရသဖြင့် လယ်ယာ မစိုက်ပျိုးနိုင်ကြောင်း၊ အလုပ်အကိုင် ကောင်းမွန်စွာ မပြုလုပ်နိုင်သည့် အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်းလည်း ၎င်းဒေသခံ က ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ များနှင့် မြန်မာတပ်တော် တိုက်ပွဲဖြစ်ခြင်း၊ မြန်မာတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်နှင့် RCSS/SSA တို့ကြား အပြိုင် အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...