စစ်ဘေးရှောင်
သီပေါမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေမှုကြောင့် စစ်ဘေးရှောင် ၈၀၀ ကျော်ရှိလာ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေမှုကြောင့် နားမခေါ်အုပ်စုမှ ဒေခံလူထု မန်စန်းဘုန်းကြီးကျောင်းသို့ ထပ်မံစစ်ဘေးတိမ်းရှောင်ရောက်ရှိလာရာ လူဦးရေ ၈၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေမှုကြောင့် မန့်နားရွာသား...
မိုင်းကိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ ယနေ့တိုင်နေရပ်မပြန်နိုင်သေး
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ခိုလှုံနေရသော စစ်ဘေးရှောင် ၃၀၀ ကျော်မှာ ယနေ့တိုင်နေရပ်မပြန်နိုင်သေးသည့်အပြင် အစားအသောက် များနှင့် အိပ်ရာထိုင်ခင်းများ လိုအပ်နေသေးကြောင်းသိရသည်။ ပြီးခဲ့သည့် နို၀င်ဘာလ ၃၀ ရက်နေ့က မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စု ၀မ့်ပဲန်ဝဲန် (ပျဉ်ဝင့်ရွာ)အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS...
သီပေါမြို့နယ်ကျေးလက်အတွင်းတိုက်ပွဲဖြစ်ပွါး လူထု ၃၀၀ ခန့် ဘုန်းကြီးကျောင်းသို့စစ်ဘေးရှောင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွါးခဲ့ရာ ဒေသခံလူထု ၃၀၀ ကျော်မှာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေရကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုဝင် ခိုင်းဟျိုးရွာအရှေ့ဘက်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာလည်း ညပိုင်းကတည်းက ခိုင်းဟျိုးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရွာသား စိုင်းထင်အောင်ကပြောသည်။ “RCSS နဲ့ SSPP...
သီပေါတွင် ပစ်ခတ်မှုဖြစ်ပွါး စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ ၅၀၀ ကျော်နေရပ်မှစွန့်ခွါကာ ဘုန်းကြီးကျောင်းသို့စစ်ဘေး ရှောင်ခိုလှုံ နေကြကြောင်းသိရသည်။ နို၀င်ဘာလ ၁၃ ရက်မွန်းတည့်ချိန်က သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ရွာနှင့် နားလော့ရွာကြား အစိုးရတပ်မတော် စကခ ၁ လက်အောက်ခံ ခမရ...
သီပေါစစ်ဘေးရှောင်များနေရပ်ပြန်ကုန်ပြီဖြစ်သော်လည်း စိုးရိမ်မှုများဖြင့်သွားလာနေထိုင်နေရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှိစစ်ဘေးရှောင်များ နေရပ်ပြန်ကြပြီဖြစ်သော်လည်း စိုးရိမ်စိတ်များရှိနေကြသေးကြောင်းသိရသည်။ နို၀င်ဘာလ ၂ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြားဖြစ်ပွါးသောတိုက်ပွဲကြောင့် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းနှင့် ၀မ့်ဟုန့်ရွာဘုန်းကြီးကျောင်း သို့ ဒေသခံရွာသား ၁၀၀၀ ကျော် ဘုန်းကြီးကျောင်းသို့တိမ်းရှောင်ခဲ့ကြပြီး နို၀င်ဘာလ ၄ ရက်နေ့ကမူ ပစ်ခတ်သံများငြိမ်သွားပြီဖြစ်သဖြင့် နေရပ်သို့အသီးသီး ပြန်သွားကြပြီဖြစ်သည်။ “ရွာဘက်မှာ ပစ်ခတ်သံတွေငြိမ်သွားပြီဖြစ်လို့...
သျှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ ယနေ့တိုးလာနေကြောင်းသိရသည်။ ၂ ဦး ၂ ဖက်ကြားတိုက်ပွဲများမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့ ၂ရက်တာအတွင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ လည်း နားမခေါ်ကျောင်းတိုက်နှင့်ဝမ့်ဟုန့်ရွာကျောင်းတိုက်တို့တွင်...
လားရှိုးရောက် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ရင်းပြန်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော လားရှိုးမြို့နှင့် နမ္မတူမြို့ ကျေးလက်များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်းသိရသည်။ လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော အီနိုင်းအုပ်စု ပန်ဟုန်းရွာ၊ ၀မ့်ပိန်းရွာ၊ ၀မ့်နားဟာရွာ၊ ၁၃ မိုင်ရွာ၊ ၁၅ မိုင်ရွာ တို့မှရွာသားများ၊ နမ္မတူမြို့နယ် နားဆိုင်းအုပ်စု မိုင်းတောင်ရွာမှ ရွာသားများ စုစုပေါင်း ၁၀၀၀...
သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်မတပ်နှင့် RCSS တိုက်ပွဲဖြစ် ရွာသားရာချီ စစ်ဘေးတိမ်းရှောင်နေ
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နားမခေါ်အုပ်စုအနီး တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၆၀၀ ကျော် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းသို့ရောက်ရှိစစ်ဘေးခိုလှုံနေ ကြောင်း သိရသည်။ သီပေါနှင့်နမ့်လန်ကြား နားမခေါ်အုပ်စုအတွင်း နို၀င်ဘာလ ၂ ရက်နေ့မနက်ပိုင်းကစပြီး နေ့ခင်းပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သီပေါ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က အတည်ပြုပြောဆိုသည်။ နားမခေါ်ရွာဘုန်းကြီးကျောင်းသို့ရောက်ရှိကာ...
လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော်ထိုးစစ်ဆင်သည့်အတွက် ဒေသခံ ၁၀၀ ကျော်စစ်ဘေးရှောင်ရောက်
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA အား အစိုးရတပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံရွာသား ၁၀၀ ကျော် နေရပ်မှထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၄ နာရီခန့်ကတည်းက မိုင်းယော်တိုက်နယ် တောင်ဘက် ပန်လော့ရွာနှင့်လွယ်စန်းရွာတို့ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများလက်နက်ကြီးကျည် ပစ်ခတ်သံများကြား ရပြီးနောက် မိုးလင်းချိန်တွင်...
နမ္မတူ ရောက် မိုင်းရင်စစ်ဘေးရှောင် ၉၀၀ ကျော်အနက် တချို့နေရပ်ပြန်
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ ပေါ်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် မိုင်းရင် ကျေးရွာ ဒေသခံများ ယနေ့ နေရပ်သို့ ပြန်ရန် စီစဉ်နေကြကြောင်းသိရသည်။ သီတင်းကျွတ်လပြည့်နေ့ ( အောက်တိုဘာ ၂၄) ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA ) နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ နမ္မတူမြို့...





