သျှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ ယနေ့တိုးလာနေကြောင်းသိရသည်။

Photo by Sipaw Youth/ သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ တိုး

၂ ဦး ၂ ဖက်ကြားတိုက်ပွဲများမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့  ၂ရက်တာအတွင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ လည်း နားမခေါ်ကျောင်းတိုက်နှင့်ဝမ့်ဟုန့်ရွာကျောင်းတိုက်တို့တွင် စစ်ဘေးရှောင်ခိုလှုံနေကြခြင်းဖြစ်သည်။

နားမခေါ်ရွာ ဒေသခံလူငယ် စိုင်းဝမ်းဟိန်းက – “ဒီနေ့မနက်တုန်းက ဝမ့်ဟုမ့်ကရွာသားတွေ စစ်ဘေးရှောင် ထပ် ရောက် လာတယ်။ တိုက်ပွဲတွေဘာတွေတော့အခု ငြိမ်နေတယ်။ တဖက်တပ်တွေလည်းအသီးသီး ဆုတ်ခွါကြပြီလို့ ပြောတယ်။ ဒါပေမယ့် အခြေအနေက လုံး၀ စိတ်မချရသေးတာကြောင့်နေရပ်ပြန်ပို့ဖို့ စောင့်ကြည့်ရဦးမယ် “-ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Sipaw Youth/ သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ တိုး

နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်စစ်ဘေးရှောင်များမှာ နားမခေါ်အုပ်စုဝင်များဖြစ်သော ဝမ့်ဟိုနားရွာ၊ ဝမ့်နိုင်းလုံရွာ၊ ဝမ့်တုန့်ကျိုင်းရွာ၊ တာ့လုံရွာ ခိုင်းဟျိုးရွာမှ  ၂၂၈  အိမ်ထောင်၊ ဒေသခံ ၆၅၂ ဦး၊  ဝမ့်ဟုန်ရွာသား အိမ်ခြေ ၉၄ အိမ်နှင့် လူဦးရေ ၄၁၀ စုစုပေါင်းလူဦးရေ ၁၀၅၂ ဦး  အိမ်ထောင်စုပေါင်း ၃၂၂ စုဖြစ်ကြောင်း သိရသည်။

စိုင်းဝမ်းဟိန်းက- “အစားအသောက် အဝတ်အထည်နဲ့နေထိုင်ဖို့ကျတော့ သီပေါမြို့နယ်ထဲက နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေကနေ လာပြီးကူညီထေက်ပံ့မှုပေးပါတယ်။ “- ဟုပြောသည်။

ယခုတပတ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဝင်များ နှင့် RCSS/SSA တို့ကြား တိုက်ပွဲများမကြာခနဖြစ်ပွါးသဖြင့် နမ္မတူမြို့နယ် နှင့် လားရှိုးမြို့နယ်တို့မှ ရွာသား ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့သည်နေရပ်အသီးသီးပြန်သွားကြပြီဟုဆိုသော်လည်း မကြာခဏ စစ်ဘေးတိမ်းရှောင်ခဲ့ရသဖြင့် လယ်ယာခြံထွက်သီးနှံများ သိမ်းဆည်းခြင်းမပြုနိုင်ဘဲ  ဝမ်းရေးအတွက် စိုးရိမ်နေကြေကြောင်းလည်း၎င်းတို့က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...