သီပေါတွင် ပစ်ခတ်မှုဖြစ်ပွါး စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ ၅၀၀ ကျော်နေရပ်မှစွန့်ခွါကာ ဘုန်းကြီးကျောင်းသို့စစ်ဘေး ရှောင်ခိုလှုံ နေကြကြောင်းသိရသည်။

Photo by Sipaw youth/ နားအုံဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

နို၀င်ဘာလ ၁၃ ရက်မွန်းတည့်ချိန်က သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ရွာနှင့် နားလော့ရွာကြား အစိုးရတပ်မတော် စကခ ၁ လက်အောက်ခံ ခမရ ၅၀၁ တပ်မှ တပ်ဖွဲ့တဖွဲ့နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၅၀၀ မှာ နေရပ်မှစွန့်ခွါကာစစ်ဘေးရှောင်ခိုလှုံနေရခြင်းဖြစ်သည်။

“တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ် ။ ပြီးတော့ ၂ ဘက်တပ်တွေဆုတ်သွားတယ်။ SSPP/SSA တပ်တွေလှုပ်ရှားတဲ့ တောထဲကိုအစိုးရတပ်ဝင်သွားတော့ ပစ်ခတ်မိတော့တာပေါ့။ ရွာသားတွေကဘယ်နေရဲတော့မလဲ။ နမ့်လန်ဘက်လည်းသွားတယ်၊ မိန်းခေးဘက်လည်းတက်သွားတယ်။ နားအုံရွာဘက်လည်း ရောက်လာတယ်။ နားအုံဘုန်းကြီးကျောင်းမှာရောက်နေတယ်။ – ဟု နားအုံရွာ ဘုန်းတော်ကြီးကျောင်းရောက်စစ်ဘေးရှောင်များအား ကူညီမှုပေးနေသည့် ဒေသခံလူငယ်တဦးကပြောသည်။

ယခုမနက်ပိုင်းတွင်မူ စစ်ဘေးရှောင်တချို့နေရပ်ပြန်ပြီဖြစ်သော်လည်း နားအုံရွာရောက်စစ်ဘေးရှောင် ၂၀၀ ကျော်မှာနေရပ်မပြန်ရဲကြသေးကြောင်း၊ အခြေအနေငြိမ်သက်ကောင်းမွန်ပါက နေရပ်ပြန်လိုကြကြောင်းစစ်ဘေးရှောင်ရွာသားများကပြောသည်။

လက်ရှိတွင် သီပေါမြို့နယ် နားအုံရွာဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော စစ်ဘေးရှောင်များမှာ ၀မ့်နားရွာနှင့် နားလော့ရွာ ၂ ရွာမှ ရွာသား ၂၆၀ ကျော် ဖြစ်ကြောင်း သိရသည်။

နားအုံရွာသည် စယ်ခန်အုပ်စုအတွင်းပါ၀င်ပါသည်။

အဆိုပါဒေသတို့တွင် အစိုးရတပ်အပြင် သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့တို့ပါလှုပ်ရှားသည့်ဒေသဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြားတိုက်ပွဲများဖြစ်ပွါးခဲ့သဖြင့်ရွာသားများ နားမခေါ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ခိုလှုံရာမှ မကြာသေးခင်ကပင်နေရပ်သို့အသီးသီးပြန်သွားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...