Tuesday, January 27, 2026

သီပေါတွင် ပစ်ခတ်မှုဖြစ်ပွါး စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ ၅၀၀ ကျော်နေရပ်မှစွန့်ခွါကာ ဘုန်းကြီးကျောင်းသို့စစ်ဘေး ရှောင်ခိုလှုံ နေကြကြောင်းသိရသည်။

Photo by Sipaw youth/ နားအုံဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

နို၀င်ဘာလ ၁၃ ရက်မွန်းတည့်ချိန်က သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ရွာနှင့် နားလော့ရွာကြား အစိုးရတပ်မတော် စကခ ၁ လက်အောက်ခံ ခမရ ၅၀၁ တပ်မှ တပ်ဖွဲ့တဖွဲ့နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၅၀၀ မှာ နေရပ်မှစွန့်ခွါကာစစ်ဘေးရှောင်ခိုလှုံနေရခြင်းဖြစ်သည်။

“တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ် ။ ပြီးတော့ ၂ ဘက်တပ်တွေဆုတ်သွားတယ်။ SSPP/SSA တပ်တွေလှုပ်ရှားတဲ့ တောထဲကိုအစိုးရတပ်ဝင်သွားတော့ ပစ်ခတ်မိတော့တာပေါ့။ ရွာသားတွေကဘယ်နေရဲတော့မလဲ။ နမ့်လန်ဘက်လည်းသွားတယ်၊ မိန်းခေးဘက်လည်းတက်သွားတယ်။ နားအုံရွာဘက်လည်း ရောက်လာတယ်။ နားအုံဘုန်းကြီးကျောင်းမှာရောက်နေတယ်။ – ဟု နားအုံရွာ ဘုန်းတော်ကြီးကျောင်းရောက်စစ်ဘေးရှောင်များအား ကူညီမှုပေးနေသည့် ဒေသခံလူငယ်တဦးကပြောသည်။

ယခုမနက်ပိုင်းတွင်မူ စစ်ဘေးရှောင်တချို့နေရပ်ပြန်ပြီဖြစ်သော်လည်း နားအုံရွာရောက်စစ်ဘေးရှောင် ၂၀၀ ကျော်မှာနေရပ်မပြန်ရဲကြသေးကြောင်း၊ အခြေအနေငြိမ်သက်ကောင်းမွန်ပါက နေရပ်ပြန်လိုကြကြောင်းစစ်ဘေးရှောင်ရွာသားများကပြောသည်။

လက်ရှိတွင် သီပေါမြို့နယ် နားအုံရွာဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော စစ်ဘေးရှောင်များမှာ ၀မ့်နားရွာနှင့် နားလော့ရွာ ၂ ရွာမှ ရွာသား ၂၆၀ ကျော် ဖြစ်ကြောင်း သိရသည်။

နားအုံရွာသည် စယ်ခန်အုပ်စုအတွင်းပါ၀င်ပါသည်။

အဆိုပါဒေသတို့တွင် အစိုးရတပ်အပြင် သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့တို့ပါလှုပ်ရှားသည့်ဒေသဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြားတိုက်ပွဲများဖြစ်ပွါးခဲ့သဖြင့်ရွာသားများ နားမခေါ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ခိုလှုံရာမှ မကြာသေးခင်ကပင်နေရပ်သို့အသီးသီးပြန်သွားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...