စစ်ဘေးရှောင်
ထိုင်း-မြန်မာနယ်စပ် မိုင်းတော့ မိုင်းထားအနီးရှိ စစ်ရှောင်စခန်းသို့ အစိုးရ ဒရုန်းယာဉ်ဝဲပျံ စစ်ရှောင်များစိုးရိမ်ထိတ်လန့်မှုဖြစ်ပွါး
ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA မှလုံခြုံရေးယူပေးသည့် လွယ်လမ် စစ်ဘေးရှောင်စခန်း နှင့်နီးကပ်စွာအစိုးရတပ်မှ မောင်းသူမဲ့ ဒရုန်းယာဉ် ပျံသန်းသဖြင့် စခန်းတွင်းနေထိုင်သူများ စိုးရိမ်ထိတ် လှန့် မှုများဖြစ်ခဲ့ကြောင်းသိရသည်။ ၄င်းနှင့်ပတ်သက်ပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ နေရပ်မှစွန့်ခွါရသူများအဖို့ ခြိမ်းခြောက် မှုတခု ဖြစ် နေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။ “ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မိုင်းတော့အခြေစိုက်...
ခြံပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုကြောင့် စစ်ဘေးရှောင်များစိုးရိမ်စိတ်ဖြင့်နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် စစ်ရေးငြိမ်သက်ခြင်းမရှိသေးသော်လည်း လယ်ယာလုပ်ငန်းခွင်အတွင်း ပျောက်ဆုံး ပျက်စီးမှုများရှိခဲ့သဖြင့် စိုးရိမ်စိတ်များဖြင့် နေရပ်သို့အသီးသီးပြန်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ်ပန်လုံအုပ်စုတွင် ပြီးခဲ့သည့်အပတ်များက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြား၊ အစိုးရတပ်မတော်နှင့် TNLA ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ခန့်မှာ နမ္မတူမြို့နယ်၊ သီပေါမြို့နယ် သို့ထွက်ပြေးခိုလှုံခဲ့ရသည်။ လက်ရှိတွင် တိုက်ပွဲများငြိမ်သက်ခြင်းမရှိသေးသော်လည်း...
သျှမ်း မြောက် နမ္မတူမြို့နယ်တိုက်ပွဲကြောင့် စစ်ရှောင် ၂၂၀၀ ကျော် နေရပ်မှစွန့်ခွါနေရ
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း စတင်ဘာလ မှ စတင်ကာ တအာင်း( ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၂၂၀၀ကျော် နေရပ်မှစွန့်ခွါနေရကြောင်း သတင်းရရှိသည်။ အဆိုပါ...
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်တပ်တိုက်ပွဲဖြစ် နမ္မတူမြို့နယ်ကျေးလက်ဒေသခံ ၇၀ ကျော် စစ်ဘေးထပ်ရှောင်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြား ယနေ့မနက်ပိုင်းတိုက်ပွဲများဖြစ်ပွါးခဲ့ရာ လက်ရှိတွင် မန်စံအုပ်စု ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၂၀ ရောက်ရှိ နေကြောင်း သိရသည်။ ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက နမ္မတူမြို့နယ် ပန်ချမ်အုပ်စု ဝမ့်နားပုံရွာအနီး အစိုးရတပ်မတော် ခလယ ၃၁၃ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သဖြင့် ...
သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။ ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက - “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။...
နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ကြားစစ်ရေးတင်းမာ မှုများကြောင့်ဒေသခံလူထု ရာနှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားစစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံအုပ်စုဒေသခံများမှာ သီပေါမြို့နယ်ရှိ မန်လီအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းသို့လည်းကောင်းတိမ်းရှောင်ရောက်ရှိနေကြခြင်းဖြစ်သည်။ သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က...
နမ္မတူမြို့ရောက်စစ်ဘေးရှောင်များ နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၏ ကျေးလက်ဒေသတွင် လက်ရှိတိုက်ပွဲများငြိမ်နေပြီဖြစ်သောကြောင့် နမ္မတူရောက် စစ်ဘေးရှောင် ၈၀၀ မှာနေရပ်သို့ပြန်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ အုပ်စု ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ပန်လုံအုပ်စု ပန်ဆော့အုပ်စု မိုင်းမုအုပ်စုမှ စစ်ဘေးရှောင် များမှာ သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။ နမ္မတူမြို့နယ်...
၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်
၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ UN OCHA က ပြောဆိုလိုက်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့ အစီရင်ခံစာတွင် ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၂ ရက် အတောအတွင်း သျှမ်းပြည်မြောက်ပိုင်း...
သျှမ်း/မြောက် စစ်ရေးပြဿနာ သျှမ်းလက်နက်ကိုင်ခေါင်းဆောင် ၂ ဦးလက်တွဲဖြေရှင်းရန် CSSU ဥက္ကဌ တိုက်တွန်း
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ဘေးကြောင့် ဒေသခံလူထု ဆင်းရဲဒုက္ခ ရင်ဆိုင်နေရ သည့်အပေါ် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ၂ ဦး ပူးပေါင်းဖြေရှင်းပေးရန် CSSU ဥက္ကဌ စိုင်းအိုက်ပေါင်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဒီအချိန်ဟာ လယ်တွေယာတွေဆင်းတဲ့အချိန်ဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ချိန်ဖြစ်တယ်။ သျှမ်းပြည်မြောက်ပိုင်း ဒေသခံလူထုဟာ လယ်ယာလုပ်ငန်းခွင်ကိုပြစ်ပြီး စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဒီချိန်မှာ မစိုက်ပျိုးရရင် လာမယ့်နှစ်အတွက်...
သျှမ်း/မြောက် စစ်ရှောင်များအား SSJAC မှကူညီထောက်ပံ့မှုများပေး
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော အစိုးရတပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲများကြောင့် ဒေသ ခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာဘုန်ကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်နေရသည့်အပေါ် SSJAC မှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိသည့် ဆန်၊ဆီ၊ဆား ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျောင်းဟောင်ဘုန်းကြီးကျောင်း၊ သီပေါမြို့နယ် မိုးတေဘုန်းကြီးကျောင်းနှင့်...





