သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။

သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင်များ

ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက – “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။ ကျနော်တို့ အခြေအနေ စောင့်ကြည့်နားထောင်နေပါတယ်။ တကယ်လို့တိုက်ပွဲပြင်းထန် လာရင်တော့ ကျနော်တို့ ရွာမှာကျန်နေတဲ့လူတွေ အကုန်လုံး သူတို့(သီပေါရောက်နေသူတွေ) နောက်လိုက်သွားရမှာ။ အဲ့ကြောင့် သူတို့ကိုဖုန်းဆက်တာ ရွာကိုမပြန်လာသေးဖို့ ”- ဟု ရွာအကြီးအကဲ အဖွဲ့ဝင်တဦး က သျှမ်းသံတော်ဆင့် အားပြောသည်။

နမ္မတူမြို့နယ် ပန်လုံအုပ်စုမှ ဒေသခံရွာသားများမှာ တအာင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြားတိုက်ပွဲများ ကြောင့် သီပေါမြို့နယ်သို့ရောက်ရှိခိုလှုံနေသည်မှာ ၈ ရက်ခန့်ကြာပြီဖြစ်သော်လည်း ပစ်ခတ်သံများငြိမ် သက်ခြင်းမရှိသေး သောကြောင့်နေရပ်သို့မပြန်နိုင်သေးကြောင်း ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမလုပ်ကိုင်နိုင်သောကြောင့် ၀မ်းရေးအတွက် အထူးစိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များကပြောသည်။

ဒီတစ်လ နှစ်လထဲမှာဘဲ ကျမတို့ စစ်ဘေးရှောင်နေရတာ ၄ ကြိမ်ရှိပြီ။ ဒီတခေါက်လည်းဒီကျောင်းမှာခိုလှုံနေတာ ၈ ရက်ကြာပြီ။ ကျမတို့အိမ်ပြန်ချင်ပြီ။ လယ်ယာလုပ်ငန်းတွေ ကျမတို့မလုပ်ရဘူး။ မြေပဲတွေလည်းနှုတ်ပြီး ယာထဲမှာဒီတိုင်းပစ်ထားရတာ။ ဒီမနက်ပိုင်း ရွာမှာကျန်ခဲ့တဲ့ အဘိုးတွေဖုန်းဆက်လာတယ်။ ပစ်ခတ်သံရှိနေတုန်းဘဲ။ ပြန်မလာသေးနဲ့ဆိုလို့ ကျမတို့ ၁ ရက် ၂ ရက်ထပ်ပြီးစောင့်ကြည့်ရဦးမယ် ”- ဟု စစ်ရှောင် သားသည်မိခင် နန်းအေး က သျှမ်းသံတော်ဆင့်အား ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲများဖြစ်ပွါးရာ ပန်လုံအုပ်စု ၈ ရွာမှ ဒေသခံရွာသားများ မန်စံ၊ မိုင်းမု ဘက်သို့လည်းကောင်း၊ နမ္မတူမြို့တောင်ဘက် နမ္မတူမြစ်မရောက်ခင် မန်လီရွာ၊ ပန်ဆပြေရွာရှိ ဘုန်းကြီးကျောင်းများသို့လည်းကောင်းအသီးသီး စစ်ဘေးတိမ်းရှောင်ခိုလှုံခဲ့ကြသည်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ကျင်းပပြီးနောက်ပိုင်း ကျောက်မဲ နမ္မတူဘက်တွင် အစိုးရတပ်နှင့် တအာင်း တပ်ဖွဲ့တို့ ၁၅ ကြိမ်ထက်မနည်း တိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟု တအာင်းပြန်ကြားရေးကထုတ်ပြန်ခဲ့ပြီး ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေသဖြင့် အဆိုပါဒေသမှ ဒေသခံလူထုမှာ လယ်ယာလုပ်ငန်းမလုပ်နိုင်ကြဘဲ စစ်ဘေးရှောင်တိမ်းနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...