ခြံပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုကြောင့် စစ်ဘေးရှောင်များစိုးရိမ်စိတ်ဖြင့်နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် စစ်ရေးငြိမ်သက်ခြင်းမရှိသေးသော်လည်း လယ်ယာလုပ်ငန်းခွင်အတွင်း ပျောက်ဆုံး ပျက်စီးမှုများရှိခဲ့သဖြင့် စိုးရိမ်စိတ်များဖြင့် နေရပ်သို့အသီးသီးပြန်နေကြကြောင်းသိရသည်။

နမ္မတူမြို့နယ်ပန်လုံအုပ်စုတွင် ပြီးခဲ့သည့်အပတ်များက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြား၊ အစိုးရတပ်မတော်နှင့် TNLA ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ခန့်မှာ နမ္မတူမြို့နယ်၊ သီပေါမြို့နယ် သို့ထွက်ပြေးခိုလှုံခဲ့ရသည်။

လက်ရှိတွင် တိုက်ပွဲများငြိမ်သက်ခြင်းမရှိသေးသော်လည်း လယ်ယာမြေအတွင်း စိုက်ပျိုးထားသည့်သီးနှံများ ပျောက်ဆုံးပျက်စီးသဖြင့် အရဲစွန့်ကာ နေရပ်သို့ပြန်သွားနေကြခြင်းဖြစ်ကြောင်း၊ စစ်ဘေး စစ်ဒဏ် တိမ်းရှောင်ရစဉ် အိမ်သော့ခတ်ခြင်းမပြုရသဖြင့် ဆန်၊ ဆီ နှင့်အိမ်တွင်းပစ္စည်းများ ခိုးယူခံရသည်ဟု  သီပေါအောင်မင်္ဂလာဘိုးတော်ကျောင်း တွင်စစ်ရှောင်ခိုလှုံနေသည့် ပန်လုံဒေသခံ နန်းနွံက သျှမ်းသံတော်ဆင့်အားပြောသည်။

“တိုက်ပွဲတော့မငြိမ်သေးဘူး။ မပြန်လို့မဖြစ်လို့  ပြန်သွားကြည့်ရပါမယ်။ ခြံထဲကအသီးအနှံတွေလေ အခိုးခံရတာ။ ကျမတို့ အခုထွက်ပြေးလာတဲ့အဖွဲ့တွေထဲက တချို့ဆိုအိမ်တံခါးတောင်သော့မခတ်လိုက်ရဘူးလေ။ဆိုတော့ နေအိမ်တွေထဲကို ဝင်ပြီး ဆန်တွေဘာတွေကိုအိတ်လိုက်မ သွားတာ။  ကျမတို့စစ်ဘေးရှောင်တွေအတွက် တော့ တပူပေါ် ၂ ပူဆင့်ဖြစ်နေတယ်အခု။ မတတ်နိုင်ဘူးလေ ရွာပြန်ခြံကြည့် ၁ ရက်နေနိုင်ရင် ၁ ရက်။ ၂ ရက်နေနိုင်ရင် ၂ ရက်ပေါ့။ တိုက်ပွဲထပ်ဖြစ်ရင်လည်း ထပ်ပြေးကြတာပေါ့။”- အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းမှ နေရပ်သို့ပြန်သွားရန်ပြင်ဆင်နေသည့် နန်းနွံက ပြောသည်။

ဘိုးတော်ဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော စစ်ဘေးရှောင် ၂၇၈ ဦး  စက်တင်ဘာလ ၁၀ ရက်နေ့ ယနေ့မနက်ပိုင်း နေရပ် သို့ပြန် သွားကြပြီဖြစ်ကြောင်း   တာတေဘုန်းကြီးကျောင်းတွင်မူ စစ်ဘေးရှောင်များမှာမူ ပြီးခဲ့သည့် စနေနေ့က နေရပ်ပြန်သွားကြပြီဖြစ် ကြောင်း သိရသည်။

“မြေပဲနှုတ်ရမှာဖြစ်တဲ့အတွက် တရက်ပြန်နှုတ်လဲတရက်အတွက် ရတာပေါ့။ မရတာထက်စာရင်တော့ ပိုကောင်းတာဘဲလေ။ ဘယ်တတ်နိုင်မလဲဗျာ တိုက်ပွဲပြန်ဖြစ်ရင်လည်းထပ်ပြေးကြတာပေါ့။ အေးချမ်းမှပြန်မယ်ဆိုရင်တော့ ရွာပြန်နိုင်တော့မှာ မဟုတ်ဘူးလေ။ တဖက်ကလည်း စားရမယ့်ဖြည့်ရမယ့်ဗိုက်ကလည်း တိုက်ပွဲတွေပြီးမှ…လို့စောင့်နိုင်တာမှမဟုတ်တာ။ အဲ့ကြောင့် ရွာပြန်ပြီးသီးနှံတွေသိမ်းနိုင်သမျှသိမ်းယူကြမယ်။ ဒီလိုဘဲ ရွာသားအချင်းချင်း စစ်ဘေးရှောင်အချင်းချင်း ဝိုင်းဝန်းဖေးမကူညီကြတာပေါ့ ” – ဟု ပန်လုံရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် စိုင်းလိတ် ကလည်းပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က စတင်ကာ တိုက်ပွဲအပြင်း အထန်ဖြစ် ပွါးသဖြင့် ရွာသားများ အပြေးအလွှားစစ်ဘေးရှောင်ရာတွင် ဒေသခံရွာသား ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရကာ သီပေါဆေးရုံသို့ပို့ဆောင်ကုသခဲ့ရသည်။ ဒေသခံရွာသား ၂၀၀၀ နီးပါးမှာလည်း နေရပ်မှစွန့်ခွါကာ နမ္မတူမြို့နယ် မန်စံအုပ်စု မိန်းမုအုပ်စုရှိဘုန်းကြီးကျောင်းများသို့တိမ်းရှောင်ခဲ့သည်။ ထို့အပြင်သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီး ကျောင်းနှင့်တာတေဘုန်းတော်ကြီးကျောင်းသို့ထွက်ပြေးခိုလှုံခဲ့ကြသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...