သျှမ်း/မြောက် စစ်ရေးပြဿနာ သျှမ်းလက်နက်ကိုင်ခေါင်းဆောင် ၂ ဦးလက်တွဲဖြေရှင်းရန်  CSSU ဥက္ကဌ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ဘေးကြောင့် ဒေသခံလူထု ဆင်းရဲဒုက္ခ ရင်ဆိုင်နေရ သည့်အပေါ်  သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ၂ ဦး ပူးပေါင်းဖြေရှင်းပေးရန်  CSSU ဥက္ကဌ စိုင်းအိုက်ပေါင်းက တိုက်တွန်းပြောဆိုလိုက်သည်။

ဒီအချိန်ဟာ လယ်တွေယာတွေဆင်းတဲ့အချိန်ဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ချိန်ဖြစ်တယ်။ သျှမ်းပြည်မြောက်ပိုင်း ဒေသခံလူထုဟာ လယ်ယာလုပ်ငန်းခွင်ကိုပြစ်ပြီး  စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဒီချိန်မှာ မစိုက်ပျိုးရရင် လာမယ့်နှစ်အတွက် သူတို့အခက်အခဲတွေ့ရပါမယ်။ ဒါကြောင့် စစ်ရေးပဋိပက္ခတွေကြောင့်ဒေသခံလူထု ဒုက္ခရင်ဆိုင်နေရတဲ့အပေါ် သျှမ်းတပ်ဖွဲ့ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးပန်ဖှနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ကနေလက်တွဲပူးပေါင်းပြီး ကူညီဖြေရှင်းပေးဖို့ ကျနော် CSSU ဥက္ကဌအနေနဲ့မေတ္တာရပ်ခံအပ်ပါတယ်- ဟု ကျားဖြူပါတီဥက္ကဌလည်းဖြစ်သည့် စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

၎င်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၁ ရက်နေ့ရက်စွဲဖြင့်လည်း CSSU က ကြေငြာချက်တစောင်ထုတ်ပြန်ကာ တိုက်တွန်းထားပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ပြီးခဲ့သည့်အပတ်က တိုက်ပွဲကြောင့် ဒေသခံလူထု ၂၀၀၀ နီးပါး   နမ္မတူမြို့ မန်စံဘုန်းကြီးကျောင်းနှင့် သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်နှင့် မိုးတေဘုန်းကြီး ကျောင်းများသို့စစ်ဘေးရှောင်နေခဲ့ကြသည်။ စစ်ဘေးရှောင်အများစုမှာ အမျိုးသမီးများ၊ ကလေးများ ဖြစ်နေကြောင်းသိရသည်။

စစ်တပ် ၂ ဖွဲ့ ပူးပေါင်းနိုင်ဖို့ ခေါင်းဆောင် ၂ ဦးအချင်းချင်းတွေ့ဆုံသင့်တယ်။ ဝေးကွာရင် ယုံကြည်မှု လျော့ပါးတယ်။ တယောက်တနေရာစီမှာနေနေကြတော့ ရင်းနှီးမှုလျော့ပါးတယ်။ ပြသနာဆိုတာ ဖြေရှင်းရင်ရတဲ့အရာမျိုးလေ။   စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ဘူး။ သေစေနိုင်တဲ့ ကျည်ဆံဖြစ်တယ်။  သျှမ်းပြည်သားတွေ စစ်ဘေးရှောင်ရင်း ထိုင်းနိုင်ငံဘက် တရုတ်နိုင်ငံ ဘက်ကိုတိမ်းရှောင်နေရတယ်။ သူများနိုင်ငံမှာသွားအလုပ်လုပ်ကြတယ်။ ကိုယ့်နိုင်ငံသား လျော့လျော့သွားတယ်။ ရှည်ရှည်ဝေးဝေးစဉ်းစားပေးစေချင်ပါတယ်။ ခေါင်းဆောင်တွေမအားလပ်ဘူးဆိုရင် ကော်မတီဖွဲ့ပြီး ဆွေးနွေးကြစေချင်ပါတယ်- ဟု စိုင်းအိုက်ပေါင်းကပြောသည်။

ဇူလိုင်လ  ၂၀ ရက်နေ့တွင် စစ်ဘေးရှောင်များနေရပ်သို့အသီးသီး ပြန်ကြပြီဟုဆိုသော်လည်း နယ်မြေစိုးမိုးရေးအားပြိုင်မှုကြောင့် ရွာနားနီးတဝိုက် အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွါးနိုင်ကြောင်း ဒေသခံများကစိုးရိမ်နေကြသည်။

ဇူလိုင်လ ၂၃ ရက် ယနေ့မနက်ပိုင်းကလည်း နမ္မတူမြို့နယ် ပန်ကွတ်ရွာအနီး ဝမ့်မိုင်းဟွေ့ရွာ၏ တောပိုင်းတွင် ပစ်ခတ်သံများပြန်လည်ကြားရကြောင်း နမ္မတူဒေသခံ စိုင်းစိုင်း ကပြောသည်။

စစ်ရေးပဋိပက္ခတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အတူ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပါဝင်တိုက်ခိုက်နေသည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ဘက်မှထုတ်ပြန်ထားသော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ တစုံတရာ အတည်ပြုခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...