Tuesday, January 27, 2026

၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်  

၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ UN OCHA က ပြောဆိုလိုက်ပါသည်။


ဇူလိုင်လ ၂၆ ရက်နေ့ အစီရင်ခံစာတွင် ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၂ ရက် အတောအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ကျေးသီးမြို့နယ်တို့တွင် စစ်ဘေးရှောင်လူထု စုစုပေါင်း ၂၈၀၀ ကျော်ရှိကြောင်း UN OCHA က ထုတ်ပြန်ပြောဆိုလိုက်သည်။

အစိုးရတပ်မတော်နဲ့ RCSS/SSA ကြား၊ TNLA နဲ့ RCSS/SSA တို့ကြားတိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ကြတာဖြစ်တယ်။ ဒီစစ်ဘေးရှောင် တွေက အရင်ကတည်းကရှိရင်းစွဲတွေမဟုတ်ဘူး။ ဒီအတော အတွင်းမှာမှ အသစ်ရောက်လာတဲ့ စစ်ဘေးရှောင်အသစ်တွေဖြစ်တယ် – ဟု ကြေငြာချက်တွင်ပါရှိသည်။

စစ်ဘေးရှောင်အများစုမှာ ဘုန်းတော်ကြီးကျောင်းနှင့် ခရိယာန်ဘုရားကျောင်းများတွင် ခိုလှုံခဲ့ကြသည်။ လယ်ယာမြေဆင်းချိန်ဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ ပစ်ခတ်သံငြိမ်သွားသည်နှင့် နေရပ်သို့ အမြန်ဆုံး ပြန်သွားကြသည်။

ဒီလထဲမှာ သျှမ်းပြည်မြောက်ပိုင်းရောတောင်ပိုင်းရော တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ စစ်ဘေးရှောင် လူထုအများအပြား နေရပ်ကနေစွန့်ခွါကြရတဲ့အပြင်၊ တင်းမာနေတဲ့ စစ်ရေးတွေကြောင့် တိုက်ပွဲတွေ ပိုမိုကြီးထွားလာမှာကိုစိုးရိမ်နေကြတယ်။ တိုက်ပွဲတွေရပ်တန့်ဖို့ ဒေသခံလူထုရော ရဟန်းသံဃာတွေပါ တောင်းဆို လာ ကြတာကိုတွေ့ရပါတယ် ၊ စိတ်ရင်းစေတနာမှန်နဲ့ အဘက်ဘက်လက်တွဲလုပ်ဆောင်မှသာ ဒီစစ်ပွဲ တွေရပ်တန့်နိုင်မှာ – ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

UNOCHA ၏အစီရင်ခံစာတွင် ၂၀၁၈ ဇန်နဝါရီလမှ ယခု ဇူလိုင်လအထိ သျှမ်းပြည်တွင်း စစ်ဘေးရှောင်ရ သည့်လူထု ၆၅၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်လူထု ၆၈၀၀ ရှိကြောင်း ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...