နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ကြားစစ်ရေးတင်းမာ မှုများကြောင့်ဒေသခံလူထု ရာနှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားစစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံအုပ်စုဒေသခံများမှာ သီပေါမြို့နယ်ရှိ မန်လီအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းသို့လည်းကောင်းတိမ်းရှောင်ရောက်ရှိနေကြခြင်းဖြစ်သည်။

သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က – “၂ ဘက်စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အပြင် ပစ်ခတ်တိုက်ခိုက်မှုသံတွေပါကြားရလို့ ပန်လုံအုပ်စုဒေသခံ ၃၈၀ က မန်လီကျောင်းကိုရောက်နေတယ်။ အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းကို ၂၀၀ ရောက်နေတယ်ကြားတယ်။ တိုက်ပွဲကြီးမားကျယ်ပြန့်လာ မှာကိုစိုးရိမ်နေကြတယ်လေ။ သူတို့တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ ကူညီစောင့်ရှောက် မှုပေးနေပါတယ် “- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်လုံအုပ်စုသည် နမ္မတူမြို့နယ်တောင်ဘက် ၂၄ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပန်လုံအုပ်စုအတွင်း ကျေးရွာ ၈ ရွာရှိရာ နမ့်ဆီလင်း၊ ပန်ဟတ်ရွာ၊ ၀မ့်ဆာရွာ၊ ၀မ့်ခယ်ရွာ၊ ပန်လုံရွာ၊ နားခိုလျံရွာ နှင့် ပန်ဆပေရွာတို့ဖြစ်ကြ သည်။ ၈ ရွာလုံးနီးပါးမှဒေသခံများလက်ရှိတွင်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် အသက် ရ၀ ကျော်အရွယ် စစ်ဘေးရှောင်အဖွားတဦးက – “ဟင်းချက်နေတုန်း လက်နက် ကြီး သံထွက်တော့ ပြေးတာပေါ့။ ထမင်းဟင်းဘယ်စားဖြစ်မလဲ။ အဖွားလည်း မြေးလေးကိုဆွဲပြီး ထော်လာ ဂျီရှိတဲ့အိမ်ကိုတန်းပြေးတာ။ အဖွားတို့က ထော်လာဂျီမရှိတော့ သူများကိုမမှီရင်ခက်တော့မှာပေါ့ “- ဟု  စစ်ဘေးရှောင်များကူညီရေးအဖွဲ့မှ ပေးကမ်းလှူဒါန်းသော ထမင်းထုတ်နှိုက်စားရင်း ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် အစိုးရတပ်အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည် တပ်မ တော် RCSS/SSA တို့လှုပ်ရှားသည်။ ထို့အတွက်တိုက်ပွဲများမကြာခဏဖြစ်ပွါးပြီး ဒေသခံများမှာ လည်းတနှစ် ပတ်လုံးစစ်ဘေးရှောင်နေရသဖြင့်လယ်ယာလုပ်ငန်းများလစ်ဟင်းနေရကြောင်းလည်း စစ်ဘေး ရှောင်များက ပြော ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...