သီပေါမြို့နယ်ကျေးလက်အတွင်းတိုက်ပွဲဖြစ်ပွါး လူထု ၃၀၀ ခန့် ဘုန်းကြီးကျောင်းသို့စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွါးခဲ့ရာ ဒေသခံလူထု ၃၀၀ ကျော်မှာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေရကြောင်းသိရသည်။

ခိုင်းဟျိုးဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားများ

သီပေါမြို့နယ် နားမခေါ်အုပ်စုဝင် ခိုင်းဟျိုးရွာအရှေ့ဘက်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာလည်း ညပိုင်းကတည်းက ခိုင်းဟျိုးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရွာသား စိုင်းထင်အောင်ကပြောသည်။

ခိုင်းဟျိုးဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားများ

“RCSS နဲ့ SSPP ကြား တိုက်ပွဲဖြစ်တာ။ မနေ့ညက ရ နာရီလောက်မှာ တိုက်ပွဲတခါဖြစ်တယ်။ သေနတ်သံကြားရတယ်။ ဖြစ်တဲ့နေရာနဲ့နီးတဲ့ရွာသားတချို့ဘုန်းကြီးကျောင်းကိုညတွင်းချင်းပြေးတယ်။ တိုက်ပွဲက တညလုံးငြိမ်နေပြီးဒီမနက် ရ နာရီမှထပ်ကြားတယ်။ ရွာသားတွေ ထပ်ပြေးလာတယ်။ မနက်အစောပိုင်းတုန်းက ၃၀၀ လောက်ရှိမယ်ဘုန်းကြီးကျောင်းမှာ ။ လယ်ယာသီးနှံဆွတ်ချိန်မို့ နေ့ခင်းပိုင်းမှာကျတော့တချို့အခြေအနေပြန်သွားကြည့်တယ်။တချို့တော့ကျောင်းမှာဘဲရှိနေတုန်းဘဲ။”- ဟု စိုင်းထင်အောင်ကပြောသည်။

ခိုင်းဟျိုးဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားများ

သျှမ်းလက်နက်ကိုင်တပ် အချင်းချင်း ဖြစ်ပွားသည်ဟု ဒေသခံများက ပြောသော်လည်း RCSS နှင့် SSPP နှစ်တပ်လုံးနှင့်ဆက်သွယ်မရခဲ့ပေ။

ခိုင်းဟျိုးဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားများ

လက်ရှိအခြေအနေတွင် ၂ ဦး ၂ ဘက်လုံး ရွာအပြင်ပိုင်းတွင်သာလှုပ်ရှားနေသေးသဖြင့် ရွာသားအားလုံးနေအိမ်မပြန်ရဲကြသေးတာဖြစ်ကြောင်း ဆိုပါသည်။

နားမခေါ်ရွာ သည် သီပေါမြို့နယ်၏ တောင်ဘက်တွင်တည်ရှိပြီး အဆိုပါရွာတဝိုက်တွင် အစိုးရတပ်၊ RCSS နဲ့ SSPP တို့လှုပ်ရှားသွားလာပါသည်။ တိုက်ပွဲသည်နားမခေါ်ရွာနှင့် ၁၀ မိုင်ခန့်ဝေးသည့်နေရာတွင်ဖြစ်ပွါးခဲ့ပြီး ခိုင်းဟျိုးအုပ်စုအရှေ့ ဘက်တောတွင်းတွင်ဖြစ်ပွါးခဲ့ပါသည်။ ခိုင်းဟျိုးရွာတွင် ယခင်က ပေါက်ကွဲမှုသာဖြစ်ပွါးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုမှာမူ ယခု ပထမအကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။


ခိုင်းဟျိုးရွာအနီးတိုက်ပွဲမှ ယမ်းငွေ့နှင့်ပစ်ခတ်မှုများအားတွေ့ရစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...