သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်မတပ်နှင့် RCSS တိုက်ပွဲဖြစ် ရွာသားရာချီ စစ်ဘေးတိမ်းရှောင်နေ

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နားမခေါ်အုပ်စုအနီး တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၆၀၀ ကျော် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းသို့ရောက်ရှိစစ်ဘေးခိုလှုံနေ ကြောင်း သိရသည်။

Photo from Google Map/ သီပေါမြို့နားမခေါ်ဘုန်းကြီးကျောင်းပြ မြေပုံ

သီပေါနှင့်နမ့်လန်ကြား နားမခေါ်အုပ်စုအတွင်း နို၀င်ဘာလ ၂ ရက်နေ့မနက်ပိုင်းကစပြီး နေ့ခင်းပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သီပေါ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က အတည်ပြုပြောဆိုသည်။

နားမခေါ်ရွာဘုန်းကြီးကျောင်းသို့ရောက်ရှိကာ စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် သီပေါမြို့ခံ လူငယ် စိုင်းလျန်းက -” အခု နားမခေါ်ဘုန်းကြီးကျောင်းကိုစစ်ဘေးရှောင် ၆၀၀ လောက်ရောက်နေတယ်။ ၀မ့်နိုင်းလုံ ၊ ၀မ့်တာ့ လုံ၊ ၀မ့်ဟိုနား ရွာသားတွေဖြစ်တယ်။ နိုင်းလုံရွာနဲ့ ၁ မိုင်လောက်အကွာမှာဘဲ ပစ်ခတ်ကြတာလို့ ဘုန်းကြီး ကျောင်းကိုရောက်လာတဲ့ရွာသားတွေကပြောပါတယ်။ အခုထိ စစ်ဘေးရှောင်တွေ တဖွဲဖွဲ ရောက် လာနေတုန်း “- ဟု သျှမ်းသံတော်ဆင့် အားပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွါးသည့် နိုင်းလုံရွာသည် သီပေါမြို့တောင်ဘက် နားမခေါ်အုပ်စုနှင့် နမ့်လန်အုပ်စု (၁၆ မိုင်ခန့်အကွာ) ကြား နားမခေါ်ရွာ၏ တောင်ဘက် ၄ မိုင်အကွာ၊ ၀မ့်ဟုမ့်ရွာတောင်ဘက် ၁ မိုင်ခန့်အကွာ တွင်ဖြစ်ကြောင်းသိရသည်။

တိုက်ပွဲက ၀မ့်ဟုမ့်ရွာနဲ့တအားနီးတယ်။ မနက် ၁၀ နာရီ ၄၀ လောက်တုန်းကတကြိမ်နဲ့ မွန်းလွဲ ၁ နာရီကျော်ကျော်မှာတုန်က ၂ ကြိမ်။ စုစုပေါင်း ၃ ကြိမ်ဖြစ်တယ်။ ၀မ့်ဟုမ့်ရွာသားတွေထွက်လာတော့ တိုက်ပွဲဖြစ်နေလို့ မလွတ်မြောက်လာနိုင်ဘဲ ရွာဘက်ပြန်လှည့်သွားရတယ်။ခု ကျောင်းရောက်လာတာ ၀မ့်ဟုမ့်ရွာသားတွေမပါသေးဘူး။ သူတို့ထွက်လာနိုင်ရင်သွားကြိုဖို့အခု နမ့်လန် ကကူညီရေးကား ၂ စီးရောက်နေတယ် ဘုန်းကြီးကျောင်းကို – ဟု စိုင်းလျန်းက ပြောပြသည်။

လက်ရှိတွင် ၂ ဖက်တပ်စလုံးက အင်အားဖြည့်တင်းမှုများရှိနေသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွါးမည်ကို စိုးရိမ်ကာ ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်းပြောသည်ဟု ဆိုပါသည်။

ယခုအတောအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့သည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ပြီးခဲ့သည့်အပတ်ကပင် စစ်ဘေးရှောင်လူထု ၂၀၀၀ ကျော်ရှိခဲ့သည်။ တနှစ်ပတ်လုံးစစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းခွင်မဝင်နိုင်ဘဲ လာမည့်နှစ် မိသားစု စားဝတ်နေရေးအတွက် တွေးပူနေရကြောင်း ယခင်အပတ်က လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...