သီပေါမြို့နယ်အတွင်း တိုက်ပွဲထပ်ဖြစ် ရွာသား ၃၀၀ ကျော် ဘုန်းကြီးကျောင်းရောက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲထပ်မံဖြစ်ပွါးရာ စစ်ဘေးရှောင် ၃၀၀ ကျော် နားမခေါ်ဘုန်းကြီးကျောင်းသို့ရောက်ရှိနေကြောင်းသိရသည်။

Photo by Sipaw Youth/ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ

ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်က နားမခေါ်အုပ်စု ဟိုနားရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် အစိုးရတပ်မတော် နှင့်လက်နက်ကိုင်အဖွဲ့တဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်းသိရသည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက် ဟိုနားရွာသားတဦးက – ဒီတခါတော့ သျှမ်းတပ်အချင်းချင်း မဟုတ်တော့ဘူး ။ အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲဲ့။ SSPP/SSA နဲ့လား RCSS/SSA နဲ့လား သေချာမသိရဘူး။ ဒီဘက်မှာ က ၂ ဖွဲ့လုံးသွားလာနေတာကိုး။ အခုတော့ နားမခေါ်ကိုရောက်နေတာ စာရင်းအရ ၃၃၇ ယောက်ရှိပြီ ။ လမ်းမှာတဖွဲဖွဲလာနေတုန်း – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ သျှမ်းတပ် ၂ ဖွဲ့လှုပ်ရှားနေသော နားမခေါ်အုပ်စုဘက်သို့ အစိုးရတပ် စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားတိုးချဲ့လှုပ်ရှားနေသည်မှာ ဒီဇင်ဘာလဆန်းပိုင်းကတည်းကဖြစ်ကြောင်း ရွာသားများကပြောသည်။

အစိုးရတပ်က မိုင်းရယ်ဘက်ကလာတာ။ နားမခေါ်ဘက်ရောက်လာတာကြာပြီ၊ ဟိုနားရွာဘက်မှာတကြောင်း၊ တာ့လုံရွာဘက်မှာတကြောင်းနဲ့ ၀မ့်ဟုမ့်ရွာဘက်မှာတကြောင်းလှုပ်ရှားနေတယ်။ ဒီတိုက်ပွဲက ဟိုနားရွာက စစ်ကြောင်းက အင်အားဖြည့်ပြီးထပ်တက်လာလို့ လက်နက်ကိုင်အဖွဲ့တဖွဲ့ကနေ ခြုံခိုပစ်ခတ်တာလို့ ကြားရပါတယ်။ ဒါမယ့်ဘယ်အဖွဲ့ဆိုတာ သေသေချာချာ အတည်ပြုချက်မရသေးဘူး- ဟု ဟိုနားရွာသားက ဆက်လက်ပြောပြသည်။

အဆိုပါအစိုးရစစ်ကြောင်းသည် ဟိုနားရွာသား၏ ထော်လာဂျီ ၃ စင်းကို ချောဆွဲကာ စစ်အင်အားများ တင် ဆောင်ပြီး ဟိုနားရွာအရှေ့ဘက်သို့တက်သွားစဉ်ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လက်ရှိတွင် ထော်လာဂျီယာဉ်မောင်းမှာ ရှာမတွေ့သေးကြောင်း၊ ထွက်ပြေးနေသည်ဟုယူဆရကြောင်း သိရသည်။ တိုက်ပွဲအတွင်းအစိုးရတပ်ဘက်မှ တပ်သား ၂ ဦးသေဆုံးကြောင်းသိရသည်။

Photo by Sipaw Youth/  ချောဆွဲခံရသည့် ဟိုနားရွာသား၏ ထော်လာဂျီမှန် ကျည်ဆံထိမိ

ယနေ့အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွါးသောတပ်ဖွဲ့မှာ SSPP/SSA ဖြစ်ကြောင်း RCSS/SSA ပိုင် Taifreedom ၀က်ပ်ဆိုက်တွင်သတင်းထုတ်ပြန်ထားသော်လည်း SSPP/SSA နှင့်ဆက်သွယ်၍ မရသဖြင့်အတည်ပြုချက်မရခဲ့ပေ။
ပြီးခဲ့သည့် နို၀င်ဘာလ နှောင်းပိုင်းကစပြီး နားမခေါ်အုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့တိုက်ပွဲများ ဖြစ်ပွါးကာ စစ်ရေးတင်းမာသဖြင့် မန်စန်းနှင့် နားမခေါ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၈၀၀ ကျော်ခိုလှုံခဲ့ကြသည်။ အဆိုပါစစ်ဘေးရှောင်းများသည် ယမန်နေ့ကပင်နေရပ်သို့အသီးသီးပြန်သွားကြခြင်းဖြစ်သည်။

နားမခေါ်ရွာ သည် သီပေါမြို့နယ်၏ တောင်ဘက်တွင်တည်ရှိပြီး အဆိုပါရွာတဝိုက်တွင် အစိုးရတပ်၊ RCSS နဲ့ SSPP တို့လှုပ်ရှားသွားလာပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...