Tuesday, January 27, 2026

သီပေါမြို့နယ်အတွင်း တိုက်ပွဲထပ်ဖြစ် ရွာသား ၃၀၀ ကျော် ဘုန်းကြီးကျောင်းရောက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း တိုက်ပွဲထပ်မံဖြစ်ပွါးရာ စစ်ဘေးရှောင် ၃၀၀ ကျော် နားမခေါ်ဘုန်းကြီးကျောင်းသို့ရောက်ရှိနေကြောင်းသိရသည်။

Photo by Sipaw Youth/ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ

ဒီဇင်ဘာလ ၁၀ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်က နားမခေါ်အုပ်စု ဟိုနားရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် အစိုးရတပ်မတော် နှင့်လက်နက်ကိုင်အဖွဲ့တဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်းသိရသည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက် ဟိုနားရွာသားတဦးက – ဒီတခါတော့ သျှမ်းတပ်အချင်းချင်း မဟုတ်တော့ဘူး ။ အစိုးရတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲဲ့။ SSPP/SSA နဲ့လား RCSS/SSA နဲ့လား သေချာမသိရဘူး။ ဒီဘက်မှာ က ၂ ဖွဲ့လုံးသွားလာနေတာကိုး။ အခုတော့ နားမခေါ်ကိုရောက်နေတာ စာရင်းအရ ၃၃၇ ယောက်ရှိပြီ ။ လမ်းမှာတဖွဲဖွဲလာနေတုန်း – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ သျှမ်းတပ် ၂ ဖွဲ့လှုပ်ရှားနေသော နားမခေါ်အုပ်စုဘက်သို့ အစိုးရတပ် စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားတိုးချဲ့လှုပ်ရှားနေသည်မှာ ဒီဇင်ဘာလဆန်းပိုင်းကတည်းကဖြစ်ကြောင်း ရွာသားများကပြောသည်။

အစိုးရတပ်က မိုင်းရယ်ဘက်ကလာတာ။ နားမခေါ်ဘက်ရောက်လာတာကြာပြီ၊ ဟိုနားရွာဘက်မှာတကြောင်း၊ တာ့လုံရွာဘက်မှာတကြောင်းနဲ့ ၀မ့်ဟုမ့်ရွာဘက်မှာတကြောင်းလှုပ်ရှားနေတယ်။ ဒီတိုက်ပွဲက ဟိုနားရွာက စစ်ကြောင်းက အင်အားဖြည့်ပြီးထပ်တက်လာလို့ လက်နက်ကိုင်အဖွဲ့တဖွဲ့ကနေ ခြုံခိုပစ်ခတ်တာလို့ ကြားရပါတယ်။ ဒါမယ့်ဘယ်အဖွဲ့ဆိုတာ သေသေချာချာ အတည်ပြုချက်မရသေးဘူး- ဟု ဟိုနားရွာသားက ဆက်လက်ပြောပြသည်။

အဆိုပါအစိုးရစစ်ကြောင်းသည် ဟိုနားရွာသား၏ ထော်လာဂျီ ၃ စင်းကို ချောဆွဲကာ စစ်အင်အားများ တင် ဆောင်ပြီး ဟိုနားရွာအရှေ့ဘက်သို့တက်သွားစဉ်ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လက်ရှိတွင် ထော်လာဂျီယာဉ်မောင်းမှာ ရှာမတွေ့သေးကြောင်း၊ ထွက်ပြေးနေသည်ဟုယူဆရကြောင်း သိရသည်။ တိုက်ပွဲအတွင်းအစိုးရတပ်ဘက်မှ တပ်သား ၂ ဦးသေဆုံးကြောင်းသိရသည်။

Photo by Sipaw Youth/  ချောဆွဲခံရသည့် ဟိုနားရွာသား၏ ထော်လာဂျီမှန် ကျည်ဆံထိမိ

ယနေ့အစိုးရတပ်နှင့်တိုက်ပွဲဖြစ်ပွါးသောတပ်ဖွဲ့မှာ SSPP/SSA ဖြစ်ကြောင်း RCSS/SSA ပိုင် Taifreedom ၀က်ပ်ဆိုက်တွင်သတင်းထုတ်ပြန်ထားသော်လည်း SSPP/SSA နှင့်ဆက်သွယ်၍ မရသဖြင့်အတည်ပြုချက်မရခဲ့ပေ။
ပြီးခဲ့သည့် နို၀င်ဘာလ နှောင်းပိုင်းကစပြီး နားမခေါ်အုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့တိုက်ပွဲများ ဖြစ်ပွါးကာ စစ်ရေးတင်းမာသဖြင့် မန်စန်းနှင့် နားမခေါ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၈၀၀ ကျော်ခိုလှုံခဲ့ကြသည်။ အဆိုပါစစ်ဘေးရှောင်းများသည် ယမန်နေ့ကပင်နေရပ်သို့အသီးသီးပြန်သွားကြခြင်းဖြစ်သည်။

နားမခေါ်ရွာ သည် သီပေါမြို့နယ်၏ တောင်ဘက်တွင်တည်ရှိပြီး အဆိုပါရွာတဝိုက်တွင် အစိုးရတပ်၊ RCSS နဲ့ SSPP တို့လှုပ်ရှားသွားလာပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...