သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသား ၃၀၀ ကျော်စစ်ဘေးရှောင်  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာသား ၃၀၀ ကျော်နေရပ်မှ စွန့်ခွါထွက်ပြေးနေရကြောင်း သိရသည်။

Photo By Dear Ranger (zawnyi nyikyi)

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တပ်ဖွဲ့တို့ကြားပစ်ခတ်တိုက်ခိုက်မှုများကြောင့် သီပေါမြို့နယ် ခိုင်းဟျိုးအုပ်စုအတွင်း စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်မှ စွန့်ခွါထွက်ပြေးနေရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက သီပေါမြို့နယ် တွန်ကျိုင်းရွာနှင့် ခိုင်းဟျိုးရွာသား ၁၅၀ ကျော်နားမခေါ်ရွာ ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ၁၄၀ ကျော် မှာ နောင်ကော့ဘုန်းကြီးကျောင်းသို့လည်းကောင်း စစ်ဘေး ရှောင်များရောက်ရှိခိုလှုံနေရကြောင်းသိရသည်။

Photo By Dear Ranger (zawnyi nyikyi)

နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တဦးက -“ မနေ့က (၂၄ ရက်နေ့က ) တိုက်ပွဲတွေစဖြစ်တာ။ တွန့်ကျိုင်းရွာထဲကိုလက်နက်ကြီးကျည်ကျတယ်။ နေအိမ်တလုံးမီးလောင်တယ်။ ဘုန်းကြီးကျောင်း တကျောင်းလည်းပျက်စီးတယ်။ သေကြေဒဏ်ရာရမှုတော့မရှိဘူး ။ ရွာသားတွေတော့ မနေ့ညနေကတည်းက စပြီးထွက်ပြေးတယ်။ ဒီနေ့မနက်လည်း တဖွဲဖွဲ ထွက်ပြေးလာနေတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား ကူညီကယ်ထုတ်ရန်အတွက် လူမှုကူညီရေးအသင်းအဖွဲ့မှ ကား ၄ စီး ( သီပေါမှ ၃ စီးနှင့် နမ့်လန်မှ ၁ စီး) ဟိုနားရွာသို့ ရောက်ရှိစောင့်ဆိုင်းနေကြောင်းသိရသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသည့် စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တဦးက – “ဒီနေ့ ကျနော်တို့ ဟိုနားရွာမှာ သွားပြီးစောင့်ဆိုင်းတယ်။ ရွာသားတွေ တဖွဲဖွဲထွက်လာတယ်။ ရွာသားတွေအပြောအရတော့ လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖက်လုံးက တပ်ဆုတ်ပေးတာ မရှိတဲ့ခါကျတော့ ရွာမှာ အမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရွာမှာကျန်ခဲ့တယ်။ မထွက်လာနိုင်သေးဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုနှစ်နှောင်းပိုင်းအတွင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေမှုကြောင့် ရွာသားများမှာ တနှစ်ပတ်လုံးစစ်ဘေးရှောင်နေရကြောင်း၊ လာမည့်နှစ်အတွက် စားနပ်ရိက္ခာပူပန်ရကြောင်း ရွာသားများက ပြောဆိုနေကြပါသည်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့က အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် တပ်မတော် အနေဖြင့် သျှမ်းပြည်အတွင်းအခြေစိုက် စစ်တိုင်းကြီးလေးတိုင်းအပါအဝင် ၂၀၁၉ ခု ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းထားမည်ဟုဆိုသည်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချင်းချင်း တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်အင်အားသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင် ကျင့်ခြင်းများကို မပြုလုပ်ရေး တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။ မထိန်းသိမ်းဘဲ ပြုလုပ်ပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...