စစ်ဘေးရှောင်
ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...
ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...
ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...
မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း
SHAN -
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...
ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...
ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...
ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...
သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ထောင်ဂဏန်း အတွက် နေရာထိုင်ခင်း (အမိုးအကာ)၊ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ နှင့် အခြားအကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)...
ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...
TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...





