Tuesday, January 27, 2026

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

သျှမ်းပြည် ဖယ်ခုံ – ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်း ထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၅၀၀၀ ဝန်းကျင် နီးစပ်ရာ ကျေးရွာ နှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

ထိုထဲမှ ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော်သည် ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေကြောင်း စစ်ရေး သတင်းအရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ရောက်နေတဲ့ နေရာက ခေါင်တဲ့နေရာဖြစ်နေတယ်။ သူတို့မှာရှိတဲ့ ဆေးဝါးတွေကလည်း နည်းတယ်။ ဆေးဝါးကတော့ အဓိကလိုအပ်နေတာ။အခု ဖျားတဲ့လူတွေကလည်း ရှိတယ်။ ဆောင်တွေ အနွေးထည်တွေကလည်း ပြေးလာကတည်းက မပါလာကြဘူး”ဟု စစ်ရေး သတင်းအရင်းမြစ် တစ်ဦးကပြောသည်။

လက်ရှိ နိုဝင်ဘာလ ဒုတိယပတ်အထိ ဘောရန်ကျေးရွာ အနီးတွင် စစ်ကောင်စီ ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ စစ်ရေးတင်းမာမှုများရှိ နေကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ဘောရန်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် နှင့် PNO တို့က မီးရှို့ ဖျက်ဆီးခဲ့သည်။

Banner for cleaning water

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

0
စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...