Tuesday, January 27, 2026

သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ထောင်ဂဏန်း အတွက် နေရာထိုင်ခင်း (အမိုးအကာ)၊ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ နှင့် အခြားအကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာများနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ဆောင်းကာလ နေရာထိုင်ခင်းအတွက် အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

လက်ရှိ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် တဲအိမ်များ တည်ဆောက်ရာတွင် အမိုးအကာ (မိုးကာစ) အကူအညီများ ဆက်လက်လိုအပ်နေကြောင်းကို စစ်ဘေးရှောင် ကူညီရေးအဖွဲ့ Dove KK မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု တဲအိမ်တွေ ဆောက်ဖို့ စာရင်းပေးထားတာ တဲအိမ် ၁၀၀ လောက် ကျန်ပါသေးတယ်။ အရေးပေါ် လိုအပ်ချက်ကတော့ မိုးကာတွေပါ။ ကျွန်တော်တို့လည်း သူတို့ ရှောင်သွားတဲ့ နေရာထိ လိုက်သွားပြီး ကူညီဆောက်လုပ်ပေးနေတာပါ” – ဟု Dove KK မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သျှမ်း-ကယားစစ်ဘေးရှောင်များအတွက် တဲအိမ်များ ကူညီတည်ဆောက်နေကြစဉ် (Photo Credit: Dove KK)

ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ထိုးလာခဲ့ခြင်းကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်မှ လူဦးရေ ၅,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုထွက်ပြေးနေရသည့် ကျေးရွာများမှာ ဘောရန်(အပေါ်)၊ ဘောရန်(အောက်)၊ ထီတမောင်း၊ ရေအေးကုန်း၊ လွယ်လုံ၊ ကသဲ၊ တောင်စလုံး၊ မြောက်စလုံးနှင့် ရေချမ်းကျေးရွာများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အများစုအတွက် စားနပ်ရိက္ခာ အကူအညီများအပြင်၊ ဆောင်းဝင်စအချိန် ဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အနွေးထည်များ၊ စောင်များ၊ အမျိုးသမီးနှင့် ကလေးအသုံးအဆောင်များ၊ ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

Banner for cleaning water

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရ

0
စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိဘဲ အနိုင်ရနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ဖယ်ခုံ၊ ပင်လောင်း၊...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...