ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

သျှမ်းပြည် ဖယ်ခုံ – ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ – ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်မှ စတင်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်လူဦးရေ စုစုပေါင်း ၆၀၀ ဦးဝန်းကျင်ရှိသည်။

ထိုစစ်ဘေးရှောင်များသည် သောက်သုံးရေ ရရှိရန် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် အနွေးထည်နှင့် စောင်များလည်း ဆက်လက်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လိုအပ်တာကတော့ အနွေးထည်တွေပေါ့၊ ခုထိ လိုအပ်နေတုန်းပဲ။ သုံးပြီးသား ရရင်တောင် အဆင်ပြေတယ်၊ အခု ဒီဘက်ကလည်း တော်တော်အေးတယ်။ သောက်သုံးရေတွေ အတွက်ကလည်း စပြီး ရှားလာတယ်။ ကားတွေနဲ့ သွားသယ်ရတော့ ဆီဖိုးကလည်း အဆင်မပြေကြပြန်ဘူး”ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဒီဇင်ဘာလ တတိယပတ်အထိ ဘောရန်ကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“တိုက်ပွဲကလည်း နေ့တိုင်းလိုလိုပါပဲ အနည်းငယ်တော့ ဖြစ်နေတာ။ တိုက်ပွဲပြင်းတယ် မပြင်းဘူး ဆိုတာပဲ ရှိတာ။ နေ့တိုင်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်နေကြတာ အဲ့တာကတော့ ပုံမှန်ပဲ”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆို ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ တကြောတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသလို တိုက်ပွဲများကြောင့် ထပ်မံပြောင်းရွှေ့ရမည်ကိုလည်း စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

“ထပ်ရွှေ့ဖို့ကလည်း သူတို့အနေနဲ့ အဆင်မပြေကြဘူး။ အိမ်ကိုလည်း ပြန်ချင်နေကြတယ်။ သူတို့ကို မေးရင်လည်း ဝမ်းနည်းပြီး ငိုချင်နေကြတာ။ စိုးရိမ်နေကြရတာပေါ့၊ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ သူတို့ရှိတဲ့ နေရာတွေက မိုင် ၂၀ လောက်တောင် မဝေးဘူး”ဟု ၎င်းစစ်ရှောင်ကူညီသူ အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်း ထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၆၀၀၀ ဝန်းကျင် နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ထွက်ပြေးနေရသည့် ကျေးရွာများမှာ ဘောရန်(အပေါ်)၊ ဘောရန်(အောက်)၊ ထီတမောင်း၊ ရေအေးကုန်း၊ လွယ်လုံ၊ ကသဲ၊ တောင်စလုံး၊ မြောက်စလုံးနှင့် ရေချမ်းကျေးရွာများ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...