Wednesday, February 4, 2026

စစ်ကောင်စီ

သျှမ်းပြည်တွင် ရပ်ရွာလုံခြုံရေး ကင်းစောင့်ရန် စစ်ကောင်စီ လူစာရင်းစကောက်နေပြီ

သျှမ်းပြည် မိုင်းတုံမြို့အပါအဝင် ဒေသတချို့တွင် အတင်းအကျပ်ရပ်ရွာလုံခြုံရေး ကင်းစောင့်ရန်အတွက် စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လူစာရင်းစတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁ ရက်စပြီး မိုင်းတုံမြို့တွင် သက်ကြီးရွယ်အိုအပါအဝင် အသက် ၃၅ နှစ်နှင့်အထက်မှ အမျိုးသားများကို ရပ်ရွာလုံခြုံရေး ကင်းစောင့်ဖို့အတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို...

မန္တလေးမြို့ကို ဝိုင်းရံခြင်း

သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။ နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး...

ခြောက်ခြားဖွယ် နေ့ရက်များ

ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။  စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။  အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး...

လားရှိုးမြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်

သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (ဩဂုတ်လ ၃၀ ရက်) ည ၈ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေး စတင်နေသည့် လားရှိုးမြို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များပေါ်...

လားရှိုးလေဆိပ် ကျပြီးနောက် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီတိုက်လေယာဉ် ပိုမိုအသုံးပြုလာ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်း ဌာနချုပ်တွင် တိုက်လေယာဉ် အတက်အဆင်း ပိုမိုများပြားလာပြီး နေ့၊ည အချိန်မရွေး ပျံသန်းမှု ခပ်စိပ်စိပ် ရှိနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကပ်ရပ်ရှိ လားရှိုးလေဆိပ်နှင့် လေတပ်စခန်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ...

ကျေးသီးမြို့သို့ စစ်ဘေးရှောင်လာသူများ စားနပ်ရိက္ခာ အကူအညီလိုအပ်

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျန်ရှိနေသော စစ်‌ဘေးရှောင် တစ်ထောင်ခန့် အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပြီး၊ နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲများကြောင့် ဒေသခံများ ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဘေးလွတ်ကင်းရာ ကျေးသီးမြို့သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြောင်း...

မီးမလာသည့်ကြားမှ မီတာခ နှစ်ဆ မြင့်တက်သွား

လျှပ်စစ်မီးပုံမှန်လာခြင်း မရှိသည့်ကြားမှ မီတာခများကို နှစ်ဆ ခန့်ပိုမိုကောက်ခံသွားမည်ဟု စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (ဩဂုတ်လ ၃၀) ရက်တွင် သတင်းထုတ်ပြန်လာသည်။ လာမည့် စက်တင်ဘာလ ၁ ရက်တွင် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန်ဟု ဆိုသောအကြောင်းပြချက်ဖြင့် မီတာခများကို ၂ ဆခန့်ပိုမိုကောက်ခံသွားမည့်အကြောင်း စစ်ကောင်စီ၏...

တောင်ခမ်း (၂၀၆) အမြောက်တပ်ကို TNLA သိမ်းပိုက်၊ စစ်ကောင်စီ လေကြောင်းက ဗုံးအဆက်မပြတ်ကြဲနေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ (၂၀၆) အမြောက်တပ်ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လေကြောင်းက အဆက်မပြတ် ဗုံးကြဲ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂၉ ရက်) နံနက်ပိုင်း အခြေအနေကို ပြောသည်။ ယနေ့ မနက်ပိုင်း (၂၀၆)...

မိုးဗြဲ ရေကာတာကို စစ်ကောင်စီမှ ထပ်မံဖွင့်ချ

သျှမ်းပြည် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရေကာတာကို ထပ်မံဖွင့်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ နစ်မြုပ်ပြီး ဒေသခံအချို့ ပြောင်းရွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၈ ရက်) ည ၁၁ နာရီဝန်းကျင် မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-(၄၂၂) သည် မိုးဗြဲ...

ဖောင်တော်ဦးဘုရားပွဲလုပ်ရန်အတွက် PNOမှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ပြော

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တောင်ဦးဘုရာပွဲပြုလုပ်ရာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ဟု သတင်းရရှိသည်။ နိုင်ငံရေးအခြေနေများကြောင့် ဖောင်တော်ဦးဘုရားပွဲပြုလုပ်ရန် အတည်ပြုချက်မရခဲ့သော်လည်းယခု ဒုတိယအကြိမ်အစည်းဝေးတွင် စစ်ကောင်စီအမိန့်ဖြင့် ပြုလုပ်သွားရန်ရှိပြီး PNO မှ တာဝန်ယူဆောင်ရွက်ရန်ရှိကာ ဒေသခံများကို လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုသို့ဘုရားပွဲပြုလုပ်ရာတွင် ငွေကောက်ခံသွားမည်ဖြစ်တာကြောင့် ဒေသခံများအတွက် ငွေကြေးအခက်ခဲရှိကာ...

Latest news