ဆုံးရှုံးနယ်မြေများအား တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လှည့်လည်စည်းရုံးနေ

တိုင်းရင်းသားလက်နက်ကိုင်အချို့ ထိန်းချုပ်ထားသော နယ်မြေဒေသကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းဌာနချုပ်အသီးသီးရှိ အောက်ခြေစစ်သည်များကို အားပေး၊ စည်းရုံး နေသည်။

နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယခုသီတင်းပတ် နှစ်ပတ်အတွင်း စစ်တိုင်းနှင့် စစ်ဌာနချုပ်များကို ဆက်တိုက်သွားရောက်နေခြင်း ဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာလ ၄ ) ရက်နေ့တွင် ဆီဆိုင်မြို့နှင့် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) ကို ထပ်မံသွားရောက်ခဲ့သည်ဟု စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားသည်။

ဆီဆိုင်မြို့သို့ သွားရောက်ခဲ့စဉ်တွင် “ အစဉ်အဆက် တည်ငြိမ်းအေးချမ်း၍ ရိုးသားအေးချမ်းစွာနေထိုင်ခဲ့သော ပအိုဝ်းတိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီး ဆောက်ရွက်သည့် မိုက်မဲ့သည့်အကြမ်းဖက် လုပ်ရပ်ကြောင့် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း”ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့သည်။

အလားတူ လွိုင်ကောက်မြို့သို့ သွားရောက်ခဲ့စဉ်မှာလည်း လွိုင်ကော်ဒေသအတွင်း KNDF အဖွဲ့နှင့် PDF တို့ တိုက်ခိုက်မှုများကြောင့် လွိုင်ကောက်မြို့ အပါအဝင် မြို့ရွာများကို ထိခိုက်ပျက်စီးခဲ့ရကြောင်း သူက ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောက်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုခဲ့ပြီးသည့်နောက် တောင်ကြီးမြို့ကို လူအင်အားဖြင့်သော်လည်းကောင်း၊ လက်နက်အင်အားဖြင့် သော်လည်းကောင်း အေးသာယာ (မြို့သစ်) မှ တောင်ကြီးမြို့ပေါ်သို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်းသိရသည်။

သြဂုတ် ၂၃ ရက်နေ့မှစတင်ကာ စစ်ခေါင်းအောင် မင်းအောင်လှိုင်သည် ပဲခူးရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်ရှိ မှော်ဘီလေတပ်ဌာနချုပ်အပြင် တောင်ကြီးရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို သွားရောက်ခဲ့ပြီး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...