စစ်ဘေးရှောင် ကလေးငယ်များ၏ ပုံများအသုံးပြုကာလိုင်းပေါ်တွင် ငွေလိမ်မှုများဖြစ်ပွားနေ

စစ်ဘေးရှောင် ကလေးငယ်များ၏ ပုံများကို အသုံးချပြီး လူမှုကွန်ရက်စာမျက်နှာ ( Facebook group) များတွင် ငွေလိမ်လည်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လမှစတင်ပြီးတွင် ကရင်နီပြည်(ကယားပြည်နယ်) ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများကို လှူတန်းရန်ဟုဆိုကာ စစ်ရှောင်ကလေးများ၏ပုံများကို အသုံးချပြီး Facebook Group များအတွင်း လိမ်လည်မှုများ လိုက်လံပြုလုပ်နေကြောင်းသိရသည်။

ထို့အပြင် မြေပြင်တွင် ကိုယ်တိုင်ပါဝင်ကူညီပေးနေသူ အမျိုးသမီး၏ ပုံများကိုလည်း အသုံးပြုကာ အလှူခံနေသည့်အတွက် ပြည်သူများမှာ အစစ်ဟုထင်မှတ်ပြီး ငွေလွှဲမိသူများပါရှိလာကြောင်းလည်း အမှန်တကယ်ပါဝင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးကပြောသည်။

“ပုံတွေက ဖရူဆိုက ဆရာမတစ်ယောက်ရဲ့ ပုံတွေနဲ့ သုံးနေတာပါ၊ အဖွဲ့လိုက်လည်း ဖြစ်နိုင်ပါတယ်၊ အကောင့်တွေကိုလည်း report လုပ်ပေမယ့် ခဏပိတ်သွားပြီးပြန်တက်လာတယ်၊” ဟု ၎င်းကဆိုသည်။

ပြည်သူများ လှူဒါန်းပေးသော ငွေကြေးများမှာ လိုအပ်နေသော စစ်ဘေးရှောင်များ ထံသို့ မရောက်ရှိဘဲ လူလိမ်များဆီသို့ရောက်နေရသဖြင့် သေချာစစ်ဆေးပြီးမှ လှူဒါန်းပေးကြရန်လည်း တိုက်တွန်းထားသည်။

“သူတို့ကို လှူဖို့ဆိုပြီး ကျွန်မနဲ့ ကျွန်မမိတ်ဆွေတွေဆီလာမေးကြတဲ့သူတွေလည်း များနေပြီ၊ မမေးဘဲ လှူမိသူတွေလည်းရှိတယ်၊ ငွေဘယ်လောက်တောင်ရနေပြီလည်း မသိဘူး ချွေးနည်းစာတွေ လူလိမ်တွေဆီရောက်နေရတာ မတားနိုင်လို့လည်း စိတ်မကောင်းဖြစ်ရတယ်” ဟု​၎င်းက ဆက်ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၅) ရက် ရက်စွဲဖြင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်ကူညီ စောင့်ရှောက်ရေးကော်မတီမှ ထိုသို့ လိမ်လည်မှုများကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် သတိထားကူညီပေးနိုင်ရန်လည်းဖော်ပြထားသည်။

လက်ရှိအချိန်တွင် ထို Kpay ဖုန်းနံပါတ်များဖြင့် အလှူခံနေသည့် သူများမရှိကြောင်း Jobs For Kayah မှ တာဝန်ရှိသူတစ်ဦးကလည်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

“စစ်ဘေးရှောင်တွေက ရိက္ခာပြတ်တောက်နေတာတော့ မှန်ပါတယ်၊ ဒါပေမယ့် အဲ့လို‌အလှူခံနေတဲ့သူတော့ မရှိဘူး၊ အလိမ်အညာဖြစ်နိုင်ပါတယ်၊ သူတပါးအခက်အခဲ ဒုက္ခကို ကိုယ်ကျိုးအမြတ်ထုတ်တာမကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ကရင်နီပြည် ဖရူဆို၊ ဒီမော့ဆိုဒေသများရှိ စစ်ရှောင်စခန်းများတွင် အကူအညီများစွာလိုအပ်နေပြီး အလှူရှင်များလိုအပ်နေကြောင်းလည်းသိရသည်။

“မြေပြင်မှာကူပေးနေတဲ့သူတွေက လက်ချိုးရေလို့ရပါတယ်၊ စစ်ရေးကလည်း အရေးကြီးနေတယ်၊ အကူအညီလိုအပ်နေတဲ့ ကန့်တွေလည်းများနေတယ်” ဟု ၎င်းကဆက်ပြောသည်။

မြေပြင်တွင် အမှန်တကယ်ကူညီပေးလျက်ရှိသော အဖွဲ့များမှာ Jobs for Kayah၊ Clean Yangon၊ ကမ်းလက်၊ လင်းလက်၊ ထွန်းမြန်မာ၊ ပြည်ကံ့ကော် စသည့် အဖွဲ့အစည်းများသို့ ဆက်သွယ်လှူတန်းနိုင်ကြောင်း ကိုလည်း သူကဆက်ပြောသည်။

လက်ရှိတွင် လွိုင်ကော်မှ တဆင့် ဒမဆ (၁၀၂) တပ်အတွင်းသို့လည်း စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းထားပြီး လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုများရှိနေသောကြောင့် ဒီမော့ဆို အရှေ့၊ အနောက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများ အထူးဂရုပြုကြရန်လည်း Jobs For Kayah မှဖော်ပြထားသည်။

စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲခန့်တွင်လည်း ဒီမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအား စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲသွားခဲ့ပြီး ပြည်သူထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...