အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား

ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး

“ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော ကိုးကန့်တပ်ဖွဲ့ MNDAA ကအပြစ်မဲ့ ဖမ်းဆီးခံထားရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃,၅၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/ytFyT#selection-271.0-271.96

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့နေရာက ရုပ်သံဖိုင်ကိုအသုံးပြုပြီး လိုအပ်သလို ချိတ်ဆက်ရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖြန့်ချိထားတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

အဲ့ဒီဗီဒီယိုဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက လှုမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။

ဗီဒီယိုဖိုင်ဟာ ၂ မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ယောက်က ဒဏ်ရာအသီးသီးရထားပြီး စောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်သွားတာကို Zalen သတင်းဌာနက ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/EBHzp

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးမယ်လို့ ချင်းပြည်ကောင်စီက ၂၀၂၄ ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက် အပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ထုတ်ပြန်ချက်- https://archive.is/8YDc7

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော RFA သတင်းဌာနမှာလည်း “စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးယူမယ်လို့ ချင်းပြည်ကောင်စီထုတ်ပြန်” ဆိုပြီး ၂၀၂၄ ဇွန်လ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/E0Xzl

သုံးသပ်ချက်

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့နေရာက ရုပ်သံ၊ အကြောင်းအရာကို အသုံးပြုပြီး “ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ခဲ့တယ်” ဆိုပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း အဲ့ဒီရုပ်သံဖိုင်ကို အသုံးပြုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က “ ကျောက်မဲမြို့ စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ်” ဆိုကာ သတင်းအမှား ဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စိစစ်ခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်ဆေးတွေ့ရှိချက် – https://burmese.shannews.org/archives/42471

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...