Wednesday, January 28, 2026

အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား

ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး

“ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော ကိုးကန့်တပ်ဖွဲ့ MNDAA ကအပြစ်မဲ့ ဖမ်းဆီးခံထားရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃,၅၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/ytFyT#selection-271.0-271.96

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့နေရာက ရုပ်သံဖိုင်ကိုအသုံးပြုပြီး လိုအပ်သလို ချိတ်ဆက်ရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖြန့်ချိထားတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

အဲ့ဒီဗီဒီယိုဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက လှုမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။

ဗီဒီယိုဖိုင်ဟာ ၂ မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ယောက်က ဒဏ်ရာအသီးသီးရထားပြီး စောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်သွားတာကို Zalen သတင်းဌာနက ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/EBHzp

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးမယ်လို့ ချင်းပြည်ကောင်စီက ၂၀၂၄ ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက် အပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ထုတ်ပြန်ချက်- https://archive.is/8YDc7

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော RFA သတင်းဌာနမှာလည်း “စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးယူမယ်လို့ ချင်းပြည်ကောင်စီထုတ်ပြန်” ဆိုပြီး ၂၀၂၄ ဇွန်လ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/E0Xzl

သုံးသပ်ချက်

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့နေရာက ရုပ်သံ၊ အကြောင်းအရာကို အသုံးပြုပြီး “ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ခဲ့တယ်” ဆိုပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း အဲ့ဒီရုပ်သံဖိုင်ကို အသုံးပြုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က “ ကျောက်မဲမြို့ စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ်” ဆိုကာ သတင်းအမှား ဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စိစစ်ခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်ဆေးတွေ့ရှိချက် – https://burmese.shannews.org/archives/42471

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...