သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ကလေးငယ်အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (သြဂုတ် ၅ )ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင် စခန်းတစ်ခုကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး ထိခိုင်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“၈ ယောက်ဆုံးသွားတယ်လို သိရတယ်။မနေ့ည ကလာကြဲသွားတာ။ကြဲတဲ့ အချိန်ကဆိုရင် အိမ်တောင်ခါတယ်။တော်တော်လေးပျက်စီးကုန်တယ်။”ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး နှင့် ပေါင်း ၃၀၀ ဗုံးများသုံး၍ ကြဲခဲ့သဖြင့် သေဆုံးမှုများသည့် အပြင် ဒဏ်ရာရရှိသူ ၅ ထပ်မနည်းရှိနေပြီး သေဆုံးသူများကို ယနေ့ နံနက်ပိုင်းတွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထို့ပြင် ကရင်နီပြည် ဒီးမောဆိုမြို့နယ်ရှိ နမ့်မယ်ခုံမြို့ကို စစ်ကောင်စီဘက်က စက်တင်ဘာ ၄ရက်နှင့် စက်တင်ဘာ ၅ရက် နှစ်ရက်ဆက်တိုက်ဗုံးကြဲခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။
အလားတူ ယနေ့ (စက်တင်ဘာလ ၆ ရက်) နံနက် ၁ နာရီခွဲခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ပေါက်နေနှင့် ဟိုကတ်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် သေဆုံးသူ (၁၁) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။












Leave a Comments