Sunday, February 1, 2026

စစ်ကောင်စီ

TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂...

တောင်ကြီး လိုင်စင်မဲ့ ကားများဖမ်းပြီး သျှမ်းမြောက်သို့ပို့

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားများကို ဖမ်းပြီး သျှမ်းမြောက်ဘက် သို့ ပို့ဆောင်နေကြောင်း မြို့ခံ များထံမှ သိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စပြီး ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ ပူးပေါင်းကာလိုင်စင်မဲ့ ကားများကိုဖမ်းဆီးနေပြီး ဖမ်းမိထားသည့် ကားများကို ပြည်လည်ရွေးထုတ်၍ မရတော့ကြောင်း မြို့ခံ များကပြောသည်။ ထိုကဲ့သို့ ဖမ်းဆီးခံ...

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော်...

ဗန်းမော်စစ်မျက်နှာသို့ မူဆယ်မြို့ဘက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေ

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဗန်းမော်နှင့် မံစီဒေသ စစ်မျက်နှာသို့ မူဆယ်မြို့ရှိ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။ အဆိုပါ မူဆယ်မြို့ စစ်ကောင်စီတပ်သားများထဲတွင် တရုတ်ဘက်ပြေးသွားသည့် တပ်များဖြင့် အင်အားဖြည့်တင်း ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) တွင်...

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင်...

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...

သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဟု စစ်ကောင်စီထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးသည့်နောက်ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ ဖွင့်လှစ်သင်ကြာပေးခဲ့သည်။ ထိုသင်တန်းများမှ သင်တန်ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ...

နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးပြီး ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင် 

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့် ဂိမ်းကစားရုံ ဂိမ်းဆော့နေသူများကို လိုက်လံဖမ်းဆီးကာ ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်ကြော်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ပထမပတ် )နေ့မှစပြီး ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)အထိ နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ငါးဂိမ်းရုံတွင် ဂိမ်းကစားနေသူများကို တံခါးပိတ်ပြီး ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးရမိသူ...

တောင်ကြီးတွင် လမ်းဘေးဈေးဆိုင် အားလုံးကိုစည်ပင်မှလိုက်လံသိမ်းဆည်း၊ နေအိမ်ခြံစည်းရိုးများအား ထုံးသုတ်ခိုင်း 

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် လမ်းဘေးဈေးဆိုင်များအားလုံးအား စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့် လိုက်လံသိမ်းဆည်းနေပြီး လမ်းမကြီးဘေးတလျှောက်ရှိ နေအိမ်ခြံစည်းရိုးများအား မဖြစ်မနေထုံးသုတ်ခိုင်းနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ လမ်းမနှင့် လမ်းသွယ်များပါမကျန် လမ်းဘေးတွင်ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်များအား စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့်လိုက်လံသိမ်းဆည်းနေကြောင်း မြို့ခံများကပြောသည်။  “လမ်းကြိုလမ်းကြားအထိ လမ်းဘေးဆိုင်တွေအကုန် ကရိန်းနဲ့တင်သွားပြီးပြီ၊...

ရွာငံတွင် စစ်ကောင်စီနှင့် DSNDA တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မင်းပလောင် ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး သွားကြောင်း DSNAမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်တွင် ရွာငံမြို့နယ် ရေလှကျေးရွာမှ စစ်ကောင်စီအင်အား (၁၁၀) ခန့်ရှိသော စစ်ကြောင်းသည် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းမထိုးမှီ DSNDAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ...

Latest news