ငွေပေးဆောင်နိုင်မှသာ ရပ်စောက်မြို့နယ် စစ်ကောင်စီဂိတ်သို့ ဖြတ်သန်းခွင့်ပြု

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီးများကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (စက်တင်ဘာလ)တွင် စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားမည် ခရီးသည်လိုင်းကားများ၊ ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ရာ ယနေ့ (ဇန်နဝါရီလ ၆ )ရက်၌ ၄ လနီးပါး ရှိပြီ ဖြစ်ကြောင်း ၎င်းလမ်းကို အသုံးပြုသည့် ကားသမားများက ပြောသည်။

အဆိုပါ ဂိတ်ကိုဖြတ်လိုသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များသည် စစ်ကောင်စီတပ်မှ တောင်းသည့် ငွေပမာဏပေးနိုင်မှသာ သွားခွင့်ပြုပြီး စစ်ဆေးရေးလည်း ယခင်ကထက် ပိုတင်းကြပ်နေကြောင်း ၎င်းလမ်းကြောင်းကို အသုံးပြုသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပိတ်တာတော့ တော်တော်ကြာနေပြီ ၄ လတောင်ရှိပြီ။ ကုန်တင်ကားမဟုတ်ဘဲ ဒီတိုင်းရိုးရိုး ဒီဘက်မြို့နဲ့ ဟိုဘက်ဆိုရင်တော့ ပိုက်ဆံထိုးပေးရင်ပေးဖြတ်တယ်။ အဓိက လိုင်းကားတွေ ကုန်ကားကြီးတွေဆို လုံးဝပေးမဖြတ်ဘူး။ ဖြတ်ချင်ရင်တော့ သူတို့တောင်းတဲ့ ငွေပမာဏပေးနိုင်ရင်တော့ ပေးဖြတ်တယ်၊ တချို့ဆို သိန်း (၁၀)လောက်ထိပေးရတဲ့သူလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ရပ်စောက်

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားနေစဉ် သျှမ်းတပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃) နေရာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့အနီး၊ ကျောက်ဂူရွာတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်မတော်(DPLA)နှင့် စစ်ကောင်စီတပ် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၈)ရက် တိုက်ပွဲပြင်းထန်ပြီး နေအိမ်များ ထိခိုက်ပျက်စီးသွားကာ ထမင်းပေါင်းရွာမှ အရပ်သား (၁) ဦး သေဆုံးခဲ့ကြောင်းသိရသည်။

၎င်းတိုက်ပွဲမှ စစ်ရှောင်သွားသည့် ဒေသခံများသည် ယခင် နေရပ်သို့ ပြန်နေထိုင်ရန် ရပ်ကွက်လူကြီး ထောက်ခံစာပါမှသာ ပြန်လည်နေထိုင်ခွင့်ပြုသည်ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်ဂူကနေ စစ်ရှောင်သွားတဲ့ စစ်ရှောင်တွေဆိုလည်း လူကြီးထောက်ခံစာပါမှ ပေးဝင်တာ။ ကိုယ့်အိမ်ပြန်တာတောင် သူတို့ထောက်ခံချက်ပါမှ ပေးဝင်တာ မဖြစ်သင့်ဘူး။ ကျနော်တို့လည်း ဝမ်းစာအတွက် ရုန်းကန်နေရသူတွေ အိမ်ကို ပြန်နေချင်ကြတယ်။ မပါရင် ဗထူးဂိတ်က ပေးမဖြတ်ဘူး။ ၁၃မျဉ်းစောင်းဆိုလည်း ခုထိ ပေးမဖြတ်သေးဘူး”ဟု ၎င်းက ပြောသည်။

ရပ်စောက်မြို့နယ်သည် သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းအကြား ချိတ်ဆက်ထားသည့် အချက်အချာ နေရာတွင် တည်ရှိပြီး စစ်ကောင်စီတပ်၏ ဗိုလ်သင်တန်း လေ့ကျင့်ရေးကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ အခြေစိုက်သည့် ဗထူးတပ်မြို့လည်း တည်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...