တောင်ကြီးတွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ၊ အမျိုးသမီး ၁ ဦးဖမ်းဆီးခံရ

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို နေ့စဉ်ရက်ဆက် ပေါ်တာလိုက်ဆွဲနေပြီး
ယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ် ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး၊ အဆက်အသွယ်မရတော့တာ” ဟု ၎င်းကပြောသည်။

ထိုအမျိုးသမီးတစ်ဦးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည် လွှတ်ပေးလာခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီက လူငယ်များကို ပေါ်တာလိုက်ဆွဲရာ ကျောင်းကြီးစုရပ်ကွက်မှ လူ ၃၂ ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက် လာခြင်း မရှိကြောင်း၊ သတင်းအစအနပျောက်ဆုံးနေကြောင်း ကျောင်းကြီးစုရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင်း ဆိုင်ကယ်များ စစ်ဆေးနေစဉ်

“သုံးရက်အတွင်း တစ်သုတ်ဆွဲတဲ့အထဲမှာ ၂၂ ရပ်ကွက်လုံး ကျနော်တို့ရပ်ကွက်က အများဆုံးပါသွားတယ်။ ပထမပတ်ထဲတုန်းကလည်း အရှေ့ပင်စည်က ၃ ယောက်ပါသွားတယ်။ အဲ့လူတွေက တစ်ယောက်မှ ပြန်လွတ်လာတာမရှိဘူး။ ဘာသတင်းမှမရတော့တာ” ဟု ၎င်းကပြောသည်။

ထို့ပြင် ယခုလတွင်း အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်များကိုလည်း နယ်မြေအလိုက်စာရင်းပြုစုပေးရန် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားသေးကြောင်း သိရသည်။

“အခုအပေါ်ကနေပြီးတော့ နယ်မြေအလိုက် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်စာရင်းတွေ ကောက်ခိုင်းထား တယ်။ ဥပမာ-ဒီဇင်ဘာလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူ၊ ဇန်နဝါရီလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေကို ကောက်ခိုင်းထားတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူစာရင်းတောင်းနေတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မလိုက်လံ ဖမ်းဆီးမှုကြောင့် လူငယ်အများစုသည် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ အချို့သည် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားနေရကြောင်း သိရသည်။

“ဖမ်းဆီးတယ်ရှိတာက မဖြစ်သင့်ဘူး။ ဆင့်ခေါ်စာနဲ့တောင် ခေါ်ပြီးပြီပဲ။ အခုအပြင်မှာ ဖမ်းတယ်ဆိုတာက လုပ်စားနေတာပဲ။ ဖမ်းပြီးတော့ အဲ့ကောင်တွေ စာရင်းဖျောက်၊ ဆင့်ခေါ်စာနဲ့ခေါ်တဲ့ကောင်တွေက ခေါ်။ ခေါ်ပြီးရင် မင်းတို့လူတွေမသွားနိုင်ရင် ပိုက်ဆံ ၈ သိန်းပေး၊ ၁၀ သိန်းပေး၊ ၁၅ သိန်းပေး။ ပြီးတော့ ဖမ်းတဲ့ကောင်သူတွေ နာမည်ထည့်၊ ပိုက်ဆံပေးတဲ့သူက တာဝန်ကြေပေါ့” ဟု အထက်ပါ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထိုကြောင့် လူငယ်များအနေဖြင့် ညဘက်အချိန် အပြင်မထွက်ကြရန်၊ လမ်းသွားလမ်းလာ ဂရုစိုက်ကြရန် ၎င်းကအသိပေးသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် လူငယ်များကို အဓမ္မဖမ်းဆီးခဲ့ရာ လက်ရှိအချိန်ထိ ၁,၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...