ကိုးကန့် နှင့် စစ်ကောင်စီ ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်

စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီ အဖြေမပေါ်ပဲ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးမှုထဲတွင် စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ကို လားရှိုးမြို့မှ တပ်ဆုတ်ခွာပေးရန် ၊ ဖမ်းဆီးထားသည့် စစ်သုံ့ပန်တပ်မှူးများ နှင့် တပ်ဖွဲ့များကို ပြန်လွှတ်ပေးရန် ၊ လားရှိုး-ကွမ်လုံ- ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးရန်အတွက်တောင်းဆိုခဲ့ကြောင်းသိရသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ကလည်း လားရှိုးမြို့ကနေတပ်ဆုတ်နိုင်မည်မဟုတ်ကြောင်း နှင့် လားရှိုးမြို့ကို အထူးဒေသ(၁) သတ်မှတ်ပေးရန် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေပေးဖို့ စစ်ကောင်စီထံ တောင်းဆိုညှိနှိုင်း ခဲ့ကြောင်း သိရသည်။

MNDAA တပ်သား

အဆိုပါ တောင်းဆိုညှိနှိုင်းမှုများကြောင့် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့ ဆွေးနွေးမှုဟာအောင်မြင်နိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ သူတို့က သွေးချွေးတွေပေးပြီးတော့ တန်ဖိုးပေးပြီးတော့ တိုက်ယူထားတဲ့ဟာကို နောက်ဆုတ်ပေး ပါလို့ ပြောလို့ကတော့ ‌အဲတာတော်တော်ဆိုးရွာတဲ့ကလေးအကွက်တွေပါပဲ။ အဲဒီလိုလုပ်လို့ကမရပါဘူး။ ပြီးတော့ ဒဏ်ရာဒဏ်ကြေးပေးမှပဲရမှာပါ။ အဲဒီကိစ္စတွေမှလည်း ဆွေးနွေးပွဲ မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ပေါ့ဗျာ။ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့သာပြောတာ။ နိုင်ငံရေးအရပြသာနာဖြေရှင်းမယ်လို့ပြောတာ။ တကယ်ဖြေရှင်းနိုင်မဲ့ အကြောင်းတရားတွေမပြောပဲနဲ့ သူရဲ့ စစ်နယ်မြေတွေ ပြန်ပြီးတော့ ရရှိဖို့ကြိုးပမ်းနေတာဖြစ်တဲ့အတွက်ကြောင့် ဘယ်တော့မှ ဒီဆွေးနွေးပွဲတွေက အောင်မြင်မှာမဟုတ်ဘူးလို့ ကျနော်တို့ကတော့ သဘောထားပါတယ်” ဟု ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအပြင် ဆွေးနွေးမှုမအောင်မြင်တိုင်း စစ်ကောင်စီက လေကြောင်းဖြငါ့ အကြမ်းဖက်တိုက်ခိုက်နေသည်ကို တရုတ်က ဝင်ပြောဆို တားမြစ်ခြင်းမရှိဘဲ စစ်ကောင်စီဘက် တစ်ဖက်သကါ လိုက်လျောမှုများကြောင့်လည်း ဆွေးနွေးမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း ဦးသန်းစိုးနိုင်က ထပ်လောင်းပြောသည်။

အလားတူတရုတ်က ကိုးကန့်တပ်ဖွဲ့ MNDAA ကို လားရှိုးမြို့မှ တပ်ဆုတ်ပေးရန်အတွက် ဖိအားပေးနေမှုများရှိ နေကြောင်းသိရသည်။

စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ဆုံမှု မအောင်မြင်ပြီးနောက်ပိုင်း ဇန်နဝါရီ ၁ ရက် နှစ်သစ်တွင်လည်း MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ဆွေးနွေးမှုမအောင်မြင်တိုင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပြည်သူများက စိုးရိမ်စိတ်ဖြင့်နေထိုင်နေရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲနေ့က သိန္နီကိုသွားကြဲပြီမှပြန်သွားတဲ့အချိန်မှာ လားရှိုးပေါ်ကနေ သူနိမ့်နိမ့်လေးပြန်ပြီး သူဖြတ်သွားတာလေ။ ည ၁၁ နာရီ၁၂ ဝန်းကျင်လောက်ပေါ့ ။ အဲမှာဆို အိပ်လို့တောင်မရတော့ဘူး။ ကြောက်လို့လေ ။ လေယာဉ်သံကြားတာနဲ့ ကြက်သီးတွေထ၊ လူက ကတုန်ကရင်တွေဖြစ်ပြီးငိုချင်နေပြီ အဲလေယာဉ်သံလာပြီဆိုတာနဲ့ အဲလိုဖြစ်နေတာ။ လေယာဉ်လာမှာတော့ကြောက်နေရတာပေါ့။ စိတ်ချလက်ချတော့ မနေရဲသေးဘူး” လို့ လားရှိုးမြို့ ဒေသခံအမျိုးသမီးက ပြောသည်။

အလားတူ စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ယခု ဇန်နဝါရီလအတွင်း ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...