SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လက်ရှိကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများကို လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ပေးအပ်ရာ သျှမ်းပြည် နိုင်ငံရေးပါတီများမှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အထဲတွင် ၁၉၉၃ အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည့် SNLD (ကျားခေါင်းပါတီ)မှ ဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦး၊ လက်ရှိဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ သျှမ်းစာပေပညာရှင် လုံးစိုင်းဖ(ခ) ဦးစိုင်းလှဖေ၊ SNDP (ကျားဖြူပါတီ)မှ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ (ခ) ဦးနယ်လ်ဆင်၊ SSPP မှ ဗဟိုအုပ်ချုပ်ရေးဌာနမှူးဟောင်း စဝ်ကောင်တိုင်းနှင့် စဝ်စိုင်းထူး စသည်ဖြင့် ပါဝင်သည်။

“၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို သပိတ်မှောက်ပြီး ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီကနေ နုတ်ထွက်လာတဲ့လူတွေ။ ၂၀၀၅ မှာ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ လုပ်နေချိန်မှာ ပြည်ထောင်စုပြိုကွဲအောင်လုပ်တယ်လို့ စွပ်စွဲပြီး သျှမ်းခေါင်းဆောင် ၉ ယောက်ကို ထောင်ချခဲ့တာ။ သဘောကတော့ ဖမ်းချင်ဖမ်းမယ်၊ ဆုပေးချင်ရင် ပေးမယ်။ ဒီဟာက သူတို့စစ်တပ်ပေါ်မှာပဲ မူတည်တယ်၊ ဆုပေးခံရတဲ့လူနဲ့ မဆိုင်ဘူး”ဟု သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယခင်က သျှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တပ်မဟာများ ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည့် သိန္နီမြို့နယ်မှ ဦးကန္န (ကွယ်လွန်)၊ လားရှိုးမြို့နယ်မှ ဦးဂုဏ်ခေး(ခ) စိုင်းခမ်းသီ၊ ဦးပွမ်ဝမ်း၊ ဦးစိုင်းကြူ၊ ဦးစိုင်းညို(ခ) ခွန်စစ်ညို စသည်ဖြင့် စစ်ကောင်စီပေးအပ်သည့် စွမ်းဆောင်မှုဆိုင်ရာ ဆုချီးမြှင့်ခံရသူများထဲတွင် ပါဝင်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရက ပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တက်ရောက်၍ စာတမ်းတင်သွင်းမှုများ ပြုလုပ်ခဲ့ပြီး အခြေခံမူ ၁၀၄ ချက်အနက် အချို့အချက်များကို ပြန်လည်ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခဲ့ရာ SNLD က မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

၎င်းနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်းနှင့် ဆက်စပ်၍ နအဖ စစ်အစိုးရမှ သျှမ်းခေါင်းဆောင် (၉) ဦးတို့အား ဖမ်းဆီးပြီး SNLD ပါတီမှ အလုပ်အမှုဆောင်များကို အမျိုးသားညီလာခံ ဖျက်ဆီးနှောင့်ယှက်သူများ၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုဆိုင်ရာ ပုဒ်မများဖြင့် ယခင်က SNLD ပါတီဥက္ကဋ္ဌဖြစ်သူ ခွန်ထွန်းဦး အား ထောင်ဒဏ် ၉၃ နှစ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်အား ၈၅ နှစ် အသီးသီး ချမှတ်ခဲ့သည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီမှ အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်တွင် SNLD ပါတီအနေဖြင့် ပြန်လည်မှတ်ပုံတင်ထားခြင်း မရှိဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ PRCF တွင် ပါဝင်ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အခြားတဘက်တွင် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရန် ပြည်တွင်းနိုင်ငံရေး အင်အားစုများက၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့သည့် “ငွေဆောင်ဆွေးနွေးပွဲ”တွင် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း ဧရာဝတီ သတင်းဌာနမှ ဇန်နဝါရီ (၃) ရက်တွင် သတင်းဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...