Sunday, February 1, 2026

စစ်ကောင်စီ

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာမှ အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီ၏ လက်အောက်ခံ ဘန်းယဉ်ကျေးရွာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဝမ်ခွမ်ကျေးရွာဒေသခံ တစ်ဦးက...

ဆီဆိုင်နယ်စပ်တိုက်ပွဲတွင် PNO ဘက်မှ ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့...

လွိုင်လင်လေး လက်နက်ကြီးကြောင့် ကလေး ၂ဦးသေဆုံ၊ နှစ် ဦးဒဏ်ရာရ

ကရင်နီပြည် ၊လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အနောက်ဘက်ခြမ်းရှိ အိုင်စန့်ကျေးရွာကြားကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကလေး ၂ဦးသေဆုံးကာ နှစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ လွိုင်လင်လေးအခြေစိုက် ခြေမြန်မတပ်ရင်း ( ခမရ -၅၃၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်...

လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့၌ လူ ၅၀၀ နီးပါးထိခိုက်ဒဏ်ရာရဟု သတင်းအမှားဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကိုးကန့်၊ တအာင်း (ပလောင်) နှင့် ဂေါ်ရခါးလူမျိုးများ သေဆုံး၊ ပိတ်မိ၊ ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိသူ ၅၀၀ နီးပါးရှိကြောင်း သတင်းအမှား ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချယ်နယ်လ်တစ်ခုဖြစ်သည့် Kyaw Swar ချန်နယ်လ်က ဇန်နဝါရီလ ၈...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ်...

လွိုင်ကော်မြို့ အဝင်၊အထွက် စစ်ကောင်စီထံ ထောက်ခံစာယူရ

ကရင်နီပြည် (ကယားပြည်) လွိုင်ကော်မြို့ အဝင်၊အထွက် သွားလာမည့်သူတိုင်း စစ်ကောင်စီထံ ထောက်ခံစာယူနေရကြောင်း သတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။ ထိုကဲ့သို့ ထောက်ခံစာယူဆောင်ရန် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ထောက်ခံစာပါမှသာ ဝင်၊ထွက်ခွင့်ပြုတော့ကြောင်း ၊ အချို့စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့အတွင်း တိုက်ပွဲငြိမ်သက်နေသဖြင့် နေရပ်ပြန်သူများရှိကာ စစ်ကောင်စီက စစ်ဆေးမှုပိုတင်းကြပ်လာကြောင်း မြို့ခံအမျိုးသမီး...

အမေရိကန်က KNLA၊ KNDF၊ CDF နှင့် PDF တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်ဟု စစ်လော်ဘီဝါဒဖြန့်

အမေရိကန် ပြည်ထောင်စုက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု စစ်လော်ဘီဝါဒဖြန့်ချန်နယ်လ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် NP News Talk Show ချန်နယ်လ်က...

ဗန်းမော်မြို့ ယနေ့ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ ဗန်းမော် လေဆိပ်ကို KIA အပြည့်အဝထိန်းချုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ယနေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ဗန်းမော် လေဆိပ်ကို KIA ပူးပေါင်းတပ် အပြည့်အဝ ထိန်းချုပ်ထားပြီးဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ပြောသည်။ ယနေ့ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ လက်ကျန်များအား လက်နက်ကြီး၊ ဒရုန်းများဖြင့်...

စစ်ကောင်စီက ဆိုက်ဘာဥပဒေပြဋ္ဌာန်းပြီးနောက် ဖုန်းဒေတာဖြင့် အင်တာနက်သုံးစွဲရန် ပိုမိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလဆန်းတွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်ဖုန်းဒေတာဖြင့် အင်တာနက် လူမှုကွန်ယက် သုံးစွဲမှုများ ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ (၁) ရက်တွင် စစ်ကောင်စီမှ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ...

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များ နေရပ်မပြန်လျှင် နေအိမ်ချိတ်ပိတ်မည်ဟု PNO ခြိမ်းခြောက်

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့မပြန်လျှင် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ခြိမ်း‌ခြောက်နေကြောင်း သတင်းရရှိသည်။   ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့သည် ၂၀၂၄ခုနစ် နိုဝင်ဘာ ၂၄ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ နီးစပ်ရာ မြို့၊ရွာများတွင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။  ထို့စစ်ဘေးရှောင်များကို စစ်ကောင်စီ၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဇန်နဝါရီလ ပထမပတ်တွင် နေရပ်ပြန်ရန် နှင့် နေရပ်မပြန်လျှင် နေအိမ်များချိတ်ပိတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့(PNO) တပ်သားတွေက  မနေ့ကပြောလာတယ်။ မပြန်လို့ မရဘူး တဲ့ မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်တဲ့။ ပြန်ရင်လည်းစစ်ဝတ်စုံဝတ်ပြီးတော့ ကင်းစောင့် ရမယ်။ ကင်းမစောင့် ပေးနိုင်ရင်လည်း တစ်လကို ၂ သောင်းခွဲလောက်ပေးရမယ်တဲ့။အဲ့လိုတွေလုပ်နေတော့ တခုမဟုတ် တခုက ခံကိုခံရမှာလေ။”ဟု ၎င်း အမျိုးသားက ဆိုသည်။  လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲများကြုံတွေ့နေသည့် မိသားစုများလည်း ရှိနေကြောင်း လည်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။  “တချို့ က ရွာကိုပြန်တာတွေလည်း ရှိတယ်။ထွက်ပြေးပြီးကတည်းက ရွာမှာအလုပ်က သိပ်မရှိတော့ဘူး။ အဲ့တော့ရွာမှာ ကလည်းတချို့ကမနေချင်ကြဘူး။ တိုက်ပွဲလည်း...

Latest news